ပရိသတ်ကြီးရေ မင်းသမီးလေး ဖြူဖြူထွေးကတော့ ပွင့်လင်းတဲ့စကားပြောဟန်၊အမူအရာလေးတွေနဲ့အတူ သူမရဲ့ချစ်စရာကောင်းတဲ့ ဟာသဗီဒီယိုလေးတွေကြောင့် တဖြည်းဖြည်းအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်မှာ ဇီဝဗေဒမေဂျာဖြင့် ပညာသင်ကြားနေတဲ့ ကျောင်းသူလေးဖြစ်ပြီး Facebook Cele ဘဝကနေ အနုပညာရှင် သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သူပဲ ဖြစ်ပါတယ်။ အသက်ငယ်ငယ်နဲ့ မိဘကိုလုပ်ကျွေးနေတဲ့ သမီးအလိမ္မာလေးဖြစ်သလို တိုက်ခိုက်မှုတွေများစွာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရပါတယ်။

လတ်တလောမှာ ဖြူဖြူထွေးက ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရပြီး သက်ကြီးလူရွှင်တော်တွေအတွက် ရည်ရွယ်ကျင်းပတဲ့ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲမှာလည်း အားကစားသမားတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ငယ်ရွယ်တက်ကြွတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် အားကစားစွမ်းရည်တိုးတက်လာခဲ့တာကြောင့် လက်ထောက်နည်းပြ ဇင်မာဝမ်းကတောင် ချီးကျူးခဲ့ရပါတယ်။ အကဗီဒီယိုလေးတွေ မတင်တာကြာခဲ့တဲ့ သူမက အခုတော့ Tik Tok ဗီဒီယိုအလန်းလေးတစ်ခုကို အသစ်တင်ထားတာ တွေ့ရပါတယ်။

ကကွက်အလန်းလေးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေတတ်တဲ့ ဖြူဖြူထွေးက အခုလည်း Tik Tok မှာ သံစဉ်နဲ့လိုက်ဖက်ညီအောင် အမိုက်စားကထားတဲ့ သူမရဲ့ဗီဒီယိုလေးကို တင်ထားပါတယ်။ ခါးလေးကို အထာကျကျလှုပ်ရမ်းရင်း အရင်ကထက်ပိုလန်းလာတဲ့ ကကွက်လေးတွေနဲ့ အကြမ်းတလိုင်းကပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့အကဗီဒီယိုလေးကို ကြည့်ရှုဖို့ အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။