နာမည်ကြီးIphone ကုမ္ပဏီကတော့ သိပ်မကြာခင်အချိန်ကမှ iPhone XS ၊ XS Max နဲ့ Xr ဆိုတဲ့ ဖုန်းနှစ်မျိုးကို စတင်မိတ်ဆက်ပြသခဲ့တာပဲ ဖြစ်ပါတယ်။ အခုထွက်ရှိလာတဲ့ ဖုန်းအသစ်နှစ်မျိုးကို Preorder ပြုလုပ်မနိုင်ပီလို့ ကြေငြာပီးနောက်ပိုင်း ဒီဖုန်းနှစ်မျိုးထဲက iPhone Xrဟာ ထွက်ခဲ့သမျှ iPhoneတွေထက် ဘက်ထရီစွမ်းရည်ပိုမို သာလွန်တယ်လို့လည်း ပြောကြားခဲ့တာကြောင့် iPhone ချစ်သူတွေကလည်း ဒီဖုန်းလေးကို ပိုစိတ်ဝင်စားနေကြပါတယ်။  

PhoneArena ကနေ iPhone တွေရဲ့ဘက်ထရီသက်တမ်းနဲ့ ပတ်သတ်ပြီး စမ်းသပ်ထားတဲ့ battery life scores ထွက်ရှိလာခဲ့ပြီး အဲ့ဒီစာရင်းမှာတော့ Xr ကစွမ်းဆောင်ရည်အကောင်းဆုံး ဖြစ်နေပါတယ်။ call time, Internet time, video playback နဲ့ audio playback ဆိုတဲ့ လေးမျိုးကို စမ်းသပ်ထားတာ ဖြစ်ပါတယ်။ iPhone မော်ဒယ် ၈မျိုးနဲ့ စမ်းသပ်ထားတာဖြစ်ပြီး အင်တာနက်သုံးတာ နဲ့video playback ပိုင်းမှာ iPhone XR ဟာ XS Max ထက် ၁နာရီကျော်နီးပါး သက်တမ်းတာရှည်ခံနေတာကို တွေ့ခဲ့ရပါတယ်။

iPhone XS ကတော့ ပြီးခဲ့တဲ့နှစ်က ထွက်ထားတဲ့ X နဲ့ဘက်ထရီ စွမ်းဆောင်ရည်ပိုင်းမှာ တူညီပြီးနေပါတယ်။ သီချင်းနားထောင်တဲ့ အချိန်တွက်ချက်မှုပိုင်းမှာတော့ XS Max က Xr ထက်ပို စွမ်းအားမြင့်ပါတယ်။ iPhone XR သုံးထားတဲ့ ဘက်ထရီ အရည်အသွေး ဘယ်လောက်လဲဆိုတော့ မသိရသေးပါဘူး။ Fast battery charging စနစ်ပါဝင်ပြီး ၃၀မိနစ်အားသွင်းရင် ၅၀ % အထိရောက်ရှိနိုင်မယ်လို့ gsmarena မှာတော့ ပြထားပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။