အမျိုးသား အများစုက ဆီးကြိတ်ကြီးခြင်းကို ရင်ဆိုင်ရတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဆရာဝန်နဲ့ ပြသတိုင်ပင်ရန်လည်း လိုအပ်သလို အစားအစာများနဲ့လည်း သက်သာစေမယ့် နည်းလမ်းများ ရှိပါတယ်။ အစားအစာ အများစုက ဆီးကျိတ်ကြီးခြင်းကို လျော့နည်းစေနိုင်သလို ပိုများစေနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာ ရွေးချယ်ခြင်းကို မမှားယွင်းစေဖို့ ဆီးကြိတ်ကြီးခြင်းကို သက်သာစေမယ့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

- အမျှင်ဓာတ်များတဲ့ အစားအစာများ (အလုံးပြည့်ဆန်၊ ပဲ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ) ကို မကြာခဏ စားသုံးပါ။

- ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ (အနီရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်ရှိတဲ့ အသီးအနှံများ၊ ဇင့်ဓာတ်ပါတဲ့ ကြက်ဥ၊ ပင်လယ်စာ အများစု၊ အစေ့အဆံများ) ကို စားသုံးပါ။

- Phytoestrogen ဓာတ်ပါဝင်တဲ့ ပဲမျိုးစုံ ကိုလည်း စားသုံးနိုင်ပါတယ်။

- အိုမီဂါ ၃ အဆီဓာတ် ပါဝင်တဲ့ ငါးအများစုနဲ့ အစေ့အဆံများလည်း စားသုံးပေးသင့်ပါတယ်။

ဆီးကျိတ်ကြီးသူများ မဖြစ်မနေ ရှောင်ရှားသင့်တဲ့ အစားအစာများကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

- ကဖိန်းဓာတ်

- အချိုသကြားများ

- အရက်

- နီကိုတင်းဓာတ်

- ကာဗွန်ပါတဲ့ အချိုရည်များ

- ကစီဓာတ်ပါတဲ့ ပြုပြင်ထားတဲ့မုန့်များ

- အနီရောင်အသားများ …… စတာတွေပဲ ဖြစ်ပါတယ်။

ဖော်ပြပါ ဆောင်ရန်၊ ရှောင်ရန် အစားအစာများကို တိကျလိုက်နာစွာ စားသုံးခြင်းဖြင့် ဆီးကြိတ်ကြီးခြင်းကို သက်သာစေနိုင်တဲ့အပြင် ဆီးကြိတ် မဖြစ်အောင်လည်း ကာကွယ် တားဆီးပေးပါတယ်။ အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်နိုင်ကြပါစေ။

သတင်းအရင်းအမြစ် - Dr. Emerald

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။