အာဆင် နယ် အသင်းနဲ့ အ ပျော် တမ်းလိဂ် ကလပ် ဖြစ် တဲ့ ဆတ် တွန် ယူနိုက်တက် တို့ရဲ့ FA Cup ပွဲစဉ် ဟာ ပြီးဆုံးသွားခဲ့ပြီဖြစ် ပါတယ် ။

အဆိုပါ ပွဲမှာ အမှတ် တရပုံရိပ် များစွာ ကျန် ရှိခဲ့ပြီး ပွဲကစားနေစဉ် အတွင်း အရန် ခုံတန်းမှာ ရှိနေတဲ့ ဆတ် တွန် အရံဂိုးသမား ၀ိနး် ရှော ရဲ့ မုန့်စားနေပုံဟာလည်း အထင် ကရဖြစ် ခဲ့ပါတယ် ။ ဒါပေမယ့် အဆိုပါ ဖြစ် ရပ် နဲ့ ပတ်သက်ပြီး လောင်းကစားမှုကို ပြုလုပ် တယ် လို့ FA က သံသယဖြစ် ခဲ့တဲ့အတွက် ၀ိန်းရှော နဲ့ Sun Bets တို့ဟာ စစ်ဆေးမှု ခံယူရ တော့မှာဖြစ် ပါတယ် ။

“ရိုလီ ပိုလီ ဂိုလီ” လို့အမည်ပြောင် ရထားတဲ့ ဖက် တီး ဂိုးသမားကြီးဟာ အာဆင် နယ် နဲ့ ပွဲကစားနေချိန် အတွင်း အရန် ခုံတန်းမှာ အစာသွပ် မုန့်ကို စားသုုံးနေခဲ့တာဖြစ် ပါတယ် ။ အဆိုပါ ပွဲမကစားမီမှာ ဆတ် တွန် အသင်းကို စပွန်ဆာပေးထားတဲ့ Sun Bets လောင်းကစားအဖွဲ့ဟာ ၀ိန်းရှော ပွဲချိန် အတွင်း မုန့်စား မစားကို ၈-၁ အ လေးပေးပြီး လောင်းကြေးဖွင့်ခဲ့တယ် လို့ သိရပါတယ် ။

ယခုအချိန် မှာတော့ အဆိုပါ ဖြစ် ရပ် အတွက် အသက် ၄၅ နှစ် အရွယ် ဂိုးသမားကြီး နဲ့ စပွန် ဆာ ကုမ္ပဏီတို့ ကို စစ်ဆေး တော့မှာဖြစ် ပါတယ် ။

Ref : Daily Mail

Photo - Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။