တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သေဒဏ်ကျခံသူများကို သေနတ်ဖြင့် ပစ်၍ အဆုံးစီရင်လေ့ရှိခဲ့သော်လည်း မကြာသေး သော နှစ်များမှစ၍ ဆေးထိုးသတ်သည့်နည်းကို ပိုမို အသုံးပြုခဲ့ပါတယ်။ သို့သော် မည်သို့စီရင်သည်၊ မည်သည့် ဆေးများကို သုံးစွဲ သည်ဆို ခြင်းကို နိုင်ငံတော်အဆင့် လျှို့ဝှက်ချက်အဖြစ်သတ်မှတ်ကာ အများပြည်သူများက သိပိုင်ခွင့်မရှိပါဘူး။ 

သေဒဏ်ကျ အကျဉ်းသား ကို ဆေးထိုးမစီရင်မီ အကျဥ်းထောင်တစ်ခုတွင်ထားရှိပြီးနောက် သေဒဏ်ပေးမည့် မော်တော်ယာဉ်သို့ပြောင်းရွှေ့ စီရင်ပါတယ်။ ထို မော်တော်ယာဉ်ဟာ ရဲတပ်ဖွဲ့သုံး သာမာန် မော်တော်ယာဉ်ကို ပုံပြောင်းထားသည့် ယာဉ်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံတွင် ဆေးထိုးစီရင်ခြင်းသည် ၁၉၉၆ ခုနှစ်တွင် တရားဝင်ဖြစ်လာခဲ့ကာ သေနတ်ဖြင့် သေဒဏ်စီရင်ခံရသူ အရေ အတွက်သည် တဖြည်းဖြည်းလျော့နည်းလာခဲ့ပါတယ်။ 

၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ တရားရုံးချုပ်သည် သေဒဏ်ကျ တရားခံများကို ဆေးထိုးသတ်ခြင်းသည် ပို၍ လူစိတ်ရှိသည်၊ လူဆန်သည်ဟူသည့် အချက်ကို လက်ခံကာ လာမည့်နှစ်များတွင် သေနတ်ဖြင့် ပစ်၍ သေဒဏ်စီရင်ခြင်းကို ဆက်လက် မပြုလုပ်ရန် ညွှန်ကြားခဲ့ကြပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တရားခံတစ်ယောက်ကို ဆေးထိုး သတ်ခြင်းသည် ယွမ် ၃၀၀ သာ ကုန်ကျပြီး သေနတ်ဖြင့်ပစ်သတ်ခြင်းသည် ယွမ် ၇၀၀ ကုန်ကျတယ်လို့ စစ်တမ်းများအရ သိရပါတယ်။  

Source : မောင်သာ ရှေးဟောင်းသုတေသန ( သုတစွယ်စုံမဂ္ဂဇင်း)  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။