မကြာခင်ကာလမှာရုံတင်ပြသတော့မယ့် မှော်ကျောက်စာ ဇာတ်လမ်းဟာ ဝါရင့်သရုပ်ဆောင်တွေများစွာပါဝင်ထားပြီး ထူးခြားတဲ့ ဖန်တီးပြုလုပ်ချက်တွေ ၊ ထူးခြားတဲ့ ဇာတ်အိမ်တွေကြောင့် ပရိသတ်တွေက ရုံမတင်ခင်ကတည်းက စိတ်ဝင်စားမှုတွေရရှိနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ရုံမတင်ခင်ကာလမှာ အားနည်းချက်တွေထွက်ပေါ်လာခဲ့တာကြောင့် လက်ရှိမှာ မှော်ကျောက်စာကို ဝေဖန်သူတွေရှိနေကြပါတယ်။

မှော်ကျောက်စာ ဇာတ်လမ်းမှာ ရှေးမင်းနေပြည်တော်တွေအကြောင်းကို ရေးသားရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းင်္တေလည်းပါဝင်ပါတယ် ။ ဒီထဲကမှ ရုပ်ရှင်ပိုစတာပေါ်က ရှေးခေတ်မင်းဝတ်မင်းစား နဲ့ ရိုက်ကူးထားတဲ့ ဖြိုးငွေစိုးရဲ့လက်က ခေတ်ပေါ်နာရီ တစ်ခုကြောင့် ပရိသတ်င်္တေက ဝေဖန်နေကြတာပါ ။ ပရိသတ်တွေကတော့ အခုလို နမော်နမဲ့ ရိုက်ကူးထားတဲ့ အတွက် ပရိသတ်တွေက ထောက်ပြပြောဆိုနေတဲ့ အပေါ် တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်တွေကိုတော့ မတွေ့ရသေးပါဘူး ။

ဒါ့အပြင် ရုပ်ရှင် ပိုစတာမှာ ထပ်ဆင့်အကယ်ဒမီ မေသန်းနုရဲ့ ပုံပါဝင်ခြင်းမရှိတာကလည်း ဝါရင့်အနုပညာရှင် တစ်ဦးကို တမင်ခွဲခြားထားတာလားလို့ ရုပ်ရှင်ချစ်ပရိသတ်တွေက မေးခွန်းထုတ်နေကြပါတယ် ။ လက်ရှိ ရုပ်ရှင် ပရိသတ်တွေရဲ့ မေးခွန်းတွေကို တော့ တတ်နိုင်သလောက် ဖြေကြားထားတာကို လည်းတွေ့ရပါတယ်။ ပရိသတ်ကြီးရေ ရုပ်ရှင်ချစ်ပရိသတ်တွေပေါက်ကွဲနေကြတာ နဲ့ ပတ်သက်ပြီးအမြင်တွေ သဘောထားတွေကို မှတ်ချက်မှာ ပြောပြခဲ့ကြပါနော်။

Source - မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။