အရက်သောက်ခြင်းက ကောင်းကျိုးထက် ဆိုးကျိုးတွေက ပိုများပါတယ်။ အများစု အနေနဲ့ အရက်ကို နေ့တိုင်းနီးပါး သောက်ကြတဲ့အခါ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို ပုံမှန်ထက် ပိုပြီး အရက်သောက်သုံးတဲ့အခါမှာလည်း အရက်နာကျခြင်းကို ချက်ခြင်းဆိုသလို ခံစားရနိုင်ပါတယ်။ အရက်နာကျတဲ့အခါ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝေဒနာများကတော့ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ရေငတ်ခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်းနဲ့ အစား မစားချင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီလို အရက်နာကျခြင်းကို ခံစားရတဲ့ ပျောက်ကင်းသက်သာစေဖို့အတွက် နည်းလမ်းကောင်းလေး အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Congeners ပါဝင်မှုနည်းတဲ့ အရက်တွေကိုသာ ရွေးသောက်ပါ။

Congeners ဆိုတာက အရက်ထုတ်လုပ်ရာကနေ ထွက်လာတဲ့အဆိပ်ရှိတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် Congeners ပါဝင်မှုနည်းတဲ့ အရက်တွေကို သောက်သုံးခြင်းက အရက်နာ ကျခြင်းကို လျော့နည်းစေနိုင်ပါတယ်။

(၂) ရေများများ သောက်ပေးပါ။

ရေများများ သောက်ခြင်းက ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေကို သက်သာစေနိုင်တဲ့အပြင် အရက်နာကျတဲ့ လက္ခဏာအချို့ကိုလည်း သက်သာစေနိုင်ပါတယ်။

(၃) အိပ်ရေး၀၀ အိပ်ပါ။

အိပ်ရေး၀၀ အိပ်စက်ခြင်းကလည်း အရက်နာကျခြင်းကို သက်သာစေနိုင်ပါတယ်။ အရက်ကို အလွန်အကျွံ သောက်သုံးမိပြီး အိပ်ရေးမဝခြင်းကလည်း အရက်နာကျခြင်းကို ဆိုးရွားစွာ ဖြစ်စေနိုင်ပါတယ်။

(၄) အာဟာရရှိတဲ့ မနက်စာကို စားသုံးပါ။

အာဟာရရှိတဲ့ မနက်စာကို ကောင်းကောင်းစားသုံးခြင်းက သွေးတွင်းသကြားဓာတ်ကို တက်လာစေပြီး လက္ခဏာအချို့ကို သက်သာပျောက်ကင်းစေပါတယ်။

(၅) ဂျင်းပြုတ်ရည် (သို့မဟုတ်) သံပရာရည် သောက်ပါ။

အရက်နာကျခြင်းကို သက်သာစေမယ့် ဖျော်ရည်ကတော့ ဂျင်းပြုတ်ရည် ပဲ ဖြစ်ပါတယ်။ ဂျင်းပြုတ်ရည် အစား သကြားအနည်းငယ်သာ ထည့်ထားသော သံပရာရည်ကိုလည်း သောက်သုံးနိုင်ပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီး အရက်နာကျတဲ့အခါ များစွာ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အရက်ကို လျှော့သောက်ကြဖို့၊ တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ကိုလည်း အကြံပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ မြမျိုးမျိုးဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။