ကမ္ဘာပေါ်မှာ ထူးခြားပြီး အရသာ ရှိလှတဲ့ အစားအသောက်ဒီဇိုင်းတွေဟာ အမြဲမပြတ်ထွက်ရှိလာပြီး စားသုံးသူတွေကို ဆွဲဆောင်လျက်ရှိပါတယ်။ ဖန်တီးထားတဲ့ လက်ရာတွေဟာ စားချင်စဖွယ်ဖြစ်အောင်ပြင်ဆင်ထားပြီး ဓာတ်ပုံ ကြည့်လိုက်တာနဲ့ တင် ဗိုက်ဆာချင်စိတ် ဖြစ်သွားစေနိုင်တာလေးတွေပဲရှိပါတယ်။  

အခုအခါမှာတော့ တူရကီနိုင်ငံမှာ ကျင်းပတဲ့ အစားအသောက်အလှအပဆိုင်ရာ ညီလာခံမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့ တစ်ဖွဲ့ က ပေါင် ၁၁၈၀ အလေးချိန်ရှိတဲ့ Baklava မုန့် ဖြင့် ကမ္ဘာ့ စံချိန်တင်သွားခဲ့ပါတယ်။ ဒီလောက် မုန့်တွေ အများကြီးနဲ့ ကမ္ဘာ့ စံချိန်တင်နိုင်တာကတော့ တစ်ကယ်ကို ချီးကျူးစရာပါ။ 

အဆိုပါ မုန့်ကို ဖုတ်ရန်အတွက် စာဖိုမှုး ၁၄ယောက်ပါဝင်ထားပြီး ယခုတင်လိုက်တဲ့ ကမ္ဘာ့ စံချိန်အသစ်ဟာ ဆိုရင် အရင်က ၆ လ က တင်ထားတဲ့ အစားအသောက် စံချိန်ကို ကျော်ဖြတ်သွားတာလည်း ဖြစ်ပါတယ်။ ထိုအစားအသောက် ချက်ပြုတ်တဲ့ အဖွဲ့ ကို ice cream chain MADO ဆိုတဲ့ အဖွဲ့ အစည်းက စပွန်ဆာပေးခဲ့တာဖြစ်ပြီး ထို Blakava မုန့်ကို စိတ်ဝင်စားသူ များပြားခဲ့တယ်လို့ လည်း သိရပါတယ်။  

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။