ရုရှားသမ္မတပူတင် ပြီးခဲ့တဲ့အပတ်က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထပ်မံ အနိုင်ရရှိသွားခဲ့ပြန်ပါတယ်။ ယခုလိုအနိုင်ရရှိသွားတဲ့ သမ္မတပူတင်ကို ချီးကျူးဂုဏ်ပြုလိုတဲ့အတွက်ကြောင့် ရုရှား အခြစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Caviar ကရွှေဖြင့် ပြုလုပ်ထားတဲ့ I Phone X ကို ဖန်တီးပေးခဲ့ပါတယ်။ 

အဆိုပါ ဖုန်းကို ရွှေဖြင့်ပြုလုပ်ထားပြီး ဖုန်းရဲ့ နောက်ကျော ဘက်မှာတော့ သမ္မတ ပူတင်ရဲ့ ရုပ်ပုံလည်းပါရှိပါတယ်။ ထိုဖုန်းကိုရွှေ ၂၄ ကာရက်ဖြင့် အသုံးပြုထားပြီး 64GB ကို ၄၆၀၀ ဒေါ်လာ နှင့် 256 GB ကို ဒေါ်လာ ၅၀၀၀ ဆိုပြီး ရောင်းချပေးမှာပဲ ဖြစ်ပါတယ်။

ထိုဖုန်း ဒီဇိုင်းကို တမူထူးခြားစွာ I phone X ရဲ့ Logo နေရာမှာ သမ္မတ ပူတင်ရဲ့ ရုပ်ပုံကို ထည့်ပေးထားပြီး အောက်ဘက်မှာတော့ ရုရှားနိုင်ငံရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ကရင်မလင်နန်းတော်ကို သုံးဖက်မြင် ပုံရိပ်ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ 

Source: Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။