၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းသဘာဝဘေးအန္တရယ်ကြောင့် ပျက်ဆီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး ထိခိုက်သေဆုံးသူများနှင့် နေအိမ်စွန့်ခွာသူတွေလည်းများစွာရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သဘာဝဘေးအန္တရယ်တွေထဲမှာ ရေဘေး၊ မီးဘေး၊ လေဘေးနှင့်အတူ အခြားဘေးများစွာရှိတာတွေ့ရပါတယ်။  

မနေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် လမ်းမီးတိုင်များ သစ်ပင်များပြိုကျမှုတွေဖြစ်ပေါ်ခဲ့ပြီး နေအိမ်ပျက်ဆီးမှုတွေများစွာဖြစ်ပေါ်ခဲ့ကြတာတွေ့ရပါတယ်။ မနေ့က စက်တင်ဘာလ ၁၇ ရက်နေ့ ည၁၁ နာရီခန့်က စတင်တိုက်ခက်ခဲ့ခြင်းကြောင့် တောင်ကြီးမြို့ ညောင်ဖြူစခန့်ရပ်ကွက် ရှိနေအိမ့်အချို့ ဓာတ်တိုင် သစ်ပင်ပြိုလဲကျခံခဲ့ရကြောင်း တွေ့ရပါတယ်။  

နေအိမ်နေပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရပြီး ပျက်ဆီးဆုံရှုံးမှုတွေတော့ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ လမ်းမီးတိုင်များပြန်လည် ပြုပြင်ရန်နှင့် အန္တရယ်ရှိလမ်းမများအပေါ်သွားလာမှု ကာကွယ်ရန်တို့ကို ပြုလုပ်ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။ မနေ့ညက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရပုံများကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - NANG PHU

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။