သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ်စတီနားခီတို့ဇနီးမောင်နှံတို့ကတော့ ပရိသတ်တွေ အားပေးချစ်ခင်ဝန်းရံမှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးပဲ ဖြစ်ပါတယ်..။ဇဏ်ခီဟာ အနုပညာပိုင်းတင် မက နိုင်ငံရေးလှုပ်ရှားမှုတွေမှာလည်းတက်ကြွတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။မကြာသေးခင် က မှ ဇဏ်ခီတို့ဇနီးမောင်နှံဟာအကျိုးပြုလုပ်ငန်းတွေကိုထပ်မံဆောင်ရွက်ခဲ့ကြပါတယ်။ အစိုးရကိုကူညီတဲ့အနေနဲ့ရော နိုင်ငံကိုချစ်တဲ့အနေနဲ့ရော နောင်လာနောက်သားတွေအတွက် စံပြဖြစ်ပြီး အကျင့်ကောင်းတွေထားခဲ့နိုင်ဖို့ အားလုံးအမှိုက်များကို စနစ်တကျစွန့်ပစ်ပေးခြင်းဖြင့် ကိုယ့်တာဝန်ကိုယ် ယူကြပါစို့ ဆိုပြီး ကမ္ဘာ့သန့်ရှင်းရေးနေ့ မှာ ပါဝင်ဆင်နွှဲခဲ့ကြတာပါ

ဇဏ်ခီ တစ်ယောက် " အမှိုက်တွေစနစ်တကျစွန့်ပစ်ဖို့ ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်သန့်ရှင်းဖို့ဆိုတာ လူတိုင်းမှာတာဝန်ရှိတယ်ဆိုတဲ့အသိတရား ပြီးတော့ ကျမ်းမာရေး လူမှုရေး စီးပွားရေးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိတရားတွေကို လူတိုင်းသိအောင် ရင်ထဲကိုရောက်အောင် လုပ်တဲ့သရုပ်ပြပွဲပါ။ ကျနော်တို့နိုင်ငံဟာ ဘယ်လောက်ပဲ သယံဇာတတွေပေါများကြွယ်ဝပါစေ။ ယဉ်ကျေးမှုဘယ်လောက်ထွန်းကားပါစေ။ လူတွေဘယ်လောက်ပဲဖေါ်ရွေပါစေ။ နေရာတိုင်းမှာ မရှိသင့်တဲ့အမှိုက်တွေ ကွမ်းတံထွေးတွေ နဲ့ ဖြစ်နေမယ်ဆိုရင် ဘယ်နိုင်ငံခြားသားကမှ အထင်ကြီးမှာမဟုတ်ပါဘူး။ သန့်ရှင်းမှုဟာ တကယ်တော့ တိုင်းပြည်ရဲ့ဂုဏ်ပါ။ " လို့ ပြောဆိုရေးသားထားတာပါ

ဆက်လက်ပြီး " ကျနော်တို့ တခြားနိုင်ငံတွေသွားရင် သန့်ရှင်းမှုကြောင့်ရတဲ့ စိတ်ချမ်းသာမှုမျိုး ကျနော်တို့နိုင်ငံမှာလဲ ဘာဖြစ်လို့မရနိုင်ရမှာလဲ။ "သူတို့နိုင်ငံတွေက အစိုးရကောင်းလို"့ လို့မပြောလိုက်ပါနဲ့။ နိုင်ငံသားတွေကိုယ်နှိုက်က အစိုးရနဲ့ ပါဝင်လက်တွဲကူညီလို့ သူတို့ဒီလိုအခြေအနေတွေရောက်လာတာပါ။ ကိုယ်နဲ့မဆိုင်ဘူးလို့ လုံးဝမထင်လိုက်ပါနဲ့။ အားလုံးနဲ့ဆိုင်ပါတယ်။" လို့လည်းရေးသားထားတာကိုတွေ့ရပါတယ်။ ပြောင်းလဲမှုတွေအတွက် နိုင်ငံသားကောင်းပီသခဲ့တဲ့ ဇဏ်ခီအတွက် မှတ်ချက်မှာဂုဏ်ပြုပေးဖို့ မမေ့နဲ့နော်။

Source - Zenn Kyi Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။