အလည်အပတ်ခရီးသွားတဲ့အခါမှာ လုပ်ဆောင်ရမယ့် အချက်လေးတွေရှိသလို ဂရုစိုက်ရမယ့် အချက်တွေလည်း ရှိပြန်ပါတယ်။ အောက်ပါ အချက်တွေကို လိုက်နာပြီး ခရီးသွားမယ်ဆိုရင် နှစ်တွေဘယ်လောက်ပဲ ကြာကြာ ဒီ ခရီးစဉ်က အမှတ်ရစရာဖြစ်နေမှာ သေချာပါ တယ်။ ဒါကြောင့် ခရီးသွားတဲ့ အခါမှာ ဂရုစိုက်ပြီး လိုက်နာရမယ့် အချက်တွေကို စည်စည် က မျှဝေပေးလိုက်ပါတယ်။  

(၁) စိတ်ရှည်ပါ

ခရီးသွားတဲ့အချိန် စိတ်ဖိအားတွေ အရမ်းမများပါနဲ့။ စိတ်ရှည်လိုက်ပါ။ သင်ခရီးသွားနေရင်း မြို့တမြို့မှာ အလည်အပတ် ခရီးအတွက် ဘတ်စ်ကားလွတ်သွားခဲ့တယ်ဆိုရင် ဒေါသမထွက်လိုက်ပါနဲ့။ နောက်တစီးလာပါလိမ့်မယ်။ ခရီးသွားတယ် ဆိုတာ သင့်စိတ်ကို အပန်းဖြေဖို့ပါ။သင့်စိတ်ကို ဒုက္ခပေးဖို့ မဟုတ်ဘူးဆိုတာ အမြဲသတိရပါ။

(၂) မရှက်ပါနဲ့

သင်ခရီးသွားနေရင်းနဲ့ ကြုံတွေရတဲ့ အတွေ့အကြုံအသစ်တွေကို ရင်ဆိုင်မယ့်အခါမှာ ရှက်မနေပါနဲ့။ တချိန်မှာသင့်ကိုသင် ပြန်ကြည့်ပြီး ရီရတဲ့အထိကို စိတ်ကို လွတ်လပ်စွာထားပြီးနေပါ။ ခရီးသွားနေတဲ့ အချိန်မှာ ဘဝကို ပျော်ရွှင်စွာပဲ ဖြတ်သန်းဖို့ အကြံပြုချင်ပါတယ်။

(၃) ဓာတ်ပုံတွေ အများကြီး ရိုက်ပါ

ဒီအချက်ကလည်း အရေးကြီးပါတယ်။ သင်သွားမယ့် ခရီးစဉ်တလျှောက် တွေ့သမျှကို ဓာတ်ပုံရိုက်ပါ။ ဓာတ်ပုံအများကြီး ရိုက်နေလို့ လူတွေ ဘယ်လို တွေးမလဲ ဆိုတာကို ထည့်မစဉ်းစားပါနဲ့။ သင့်ခရီးကို သင်အမြဲ အမှတ်နေအောင် ဓာတ်ပုံသာ အများကြီးရိုက်ပါ။ ဓာတ်ပုံ အများကြီးရိုက်လို့ သင့်ခရီးဆောင်အိတ်က ပိုပြီး လေးသွားမှာ မဟုတ်လို့ ရိုက်သာရိုက်ပါ။

(၄) ဒေသစာတွေ စားကြည့်ပြီး ဒေသခံတွေနဲ့ မိတ်ဆွေဖွဲ့ပါ

သင်သွားရောက်လည်ပတ်တဲ့ နေရာတွေမှာ ထူးဆန်းတဲ့ အစားအစာတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် စမ်းသပ်ကြည့်ဖို့ မကြောက်ရွံပါနဲ့။ အသက်ကို သေစေနိုင်လောက်တဲ့ စားစရာတွေဆို သင်ရောက်နေတဲ့ နေရာက ဒေသခံတွေ စားမှာ မဟုတ်တာ သေချာပါတယ်။ သူတို့တောင် စားနေမှတော့ သင်ဘာမှ ကြောက်စရာမလိုပါဘူး။ ခရီးထွက်တဲ့အခါ အသစ်အဆန်းတွေ လုပ်ဖို့ မမေ့လျော့ပါနဲ့လို့ အကြံပြုချင်ပါတယ်။ဒါင်္တေတင်မကပါဘူး ...ခရီးကို ရက်ရှည်သွားရမယ်ဆိုရင် ဒေသခံတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကလည်း အရေးကြီးပါတယ်။ ဒေသခံတယောက်က သူ့အိမ်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်တယ်ဆိုရင် မငြင်းဘဲ လိုက်သွားကြည့်ပါ။ သင်မမြင်ဖူး မတွေ့ဖူးတဲ့ ရိုးရာယဉ်ကျေးမှု အသစ်အဆန်းတွေကို တွေ့မြင်ရမှာ ဖြစ်လို့ သင့်စိတ်ကို ပျော်ရွှင်စေပါလိမ့်မယ်။ ဒီလိုတွေ ပြုလုပ်ခြင်း ကြောင့် အချိန်တွေကြာသွားလည်း သင့်ခရီးစဉ်ကို သင် အမှတ်ရနေမှာ သေချာပါတယ်။

(၅)အဆက်အသွယ်မပြတ်ပါစေနဲ့

အပျော်အပါးကိစ္စတွေကို ဖော်ပြပြီးတဲ့ နောက်မှာ သင်လိုက်နာရမယ့် အရေးအကြီးဆုံးအချက်ကတော့ သင့်အိမ်နဲ့ အဆက်အသွယ်မပြတ်စေဖို့ပါပဲ။ နိုင်ငံခြားကို သွားရောက်လည်ပတ်မယ်ဆိုရင် သင့်နိုင်ငံသံရုံးနဲ့ အဆက်အသွယ် မပြတ်သွားဖို့ သင့်မိသားစုက သင်ရောက်နေတဲ့ နေရာကို နေ့တိုင်းသိနေဖို့ လိုပါတယ်။

Source- expertvagabond.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။