အကိတ်မင်းသမီးလေး အိချောပိုတစ်ယောက် ခရုခွံလိုဂါဝန်လေးနဲ့ အရမ်းကိုလှပလွန်းနေပါ တယ်။ ပန်းရောင်ဂါဝန်လေးဟာ သူမနဲ့လိုက်ဖက်လွန်းပြီး ဒီပုံရိပ်လေးတွေဟာ Myanmar Glam Couture အတွက် ရိုက်ထားတာပဲဖြစ်ပါတယ်။ အနုပညာပျိုးခင်းကစပြီး သူမရဲ့ခြေလှ မ်းတွေ စတင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အောင်မြင်တဲ့ နိုင်ငံကျော်မင်းသမီး တစ်လက်ဖြစ်လို့ နေပြီပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ သူမရဲ့အပြုံးချိုချိုလေးတွေက တကယ်ကိုပဲဆွဲဆောင်နိုင်လွန်းခဲ့ပါတယ်။ အောင်မြင်တဲ့မင်းသမီးအဖြစ်နဲ့ အနုပညာလောကမှာ ရပ်တည်နေတာဖြစ်ပြီး သူမကိုချစ်ခင် အားပေးတဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။ ထိုင်းနဲ့မြန်မာ ပူးပေါင်းပြီး ရိုက်ကူးတဲ့ "Lady Boy " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သူမက ရိုက်ကူးထားပါသေးတယ်။

ကြွေချင်စရာကောင်းတဲ့ ပုံရိပ်တွေဟာ ကိုကိုပုရိသတွေကိုသာမက ပျိုမဒီလေးတွေကိုလည်း အပြတ်အသတ်ခြွေချလိုက်ပြန်ပါပြီ။ အပြုံးလေးတွေက တကယ်ကိုရင်ခုန်ချင်စရာကောင်းလွန်း ပါတယ်။ ပန်းရောင်ဂါဝန်လေးက သူမရဲ့လှပလွန်းတဲ့ ကောက်ကြောင်းတွေပေါ်မှာ နေရာယူ နေပြီး ဒီပုံရိပ်လေးတွေက တကယ်ကိုရင်ခုန်ချင်စရာပါပဲ။ ပရိသတ်ကြီးအတွက်လည်း တင်ဆက်ပေးလိုက်ပြီနော်။

Photo - Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။