Miss Universe Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းကတော့ သရုပ်ဆောင် ဘက်ကို ကူးပြောင်းလာပြီ ဖြစ်ပါတယ် ။ အလှမယ်တစ်ဦးမှာရှိသင့်တဲ့ စမတ်ကျမှုတွေ လှပမှုတွေ ထက်မြတ်မှုတွေနဲ့ ပြည့်စုံနေသူတစ်ဦးမို့ Miss Universe Myanmar 2015 နဲ့ 2016 ပွဲတိုင်းမှာ အလှသရဖူတိုင်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ မော်ဒယ်လ်တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ ဒီနေ့မှာတော့သူမဟာ ဘယ်တော့မှ ပျက်စီးမသွားတဲ့အလှတရားကို ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ် ။

လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ ရုပ်ရှင်ဇာတ်ကား တွေ ရိုက်ကူးနေတယ်လို့သိရပါတယ် ။ သူမဟာ သူမရဲ့အနုပညာလှုပ်ရှားမှု ပုံရိပ်တွေနဲ့ နေ့စဉ်လှုပ်ရှားမှု တွေကို လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို အမြဲတမ်း မျှဝေပေးနေကြအနုပညာရှင်တစ်ယောက်ပါ ။ အခုလည်း

" ထက်ရဲ့ ဘယ်တော့မှ ပျက်ဆီးမသွားတဲ့ အလှဆိုတာ

ဖြူစင်တဲ့ စိတ်ထားအလှပါ ...

ချစ်ရတဲ့အလုပ်ရယ် ...

ချစ်ရတဲ့ မိသားစုရယ် ...

ချစ်ရတဲ့ပတ်ဝန်းကျင်ရယ် ...

ဒါတွေနဲ့ ထက်ပျော်နေပါတယ် " လို့ ရေးသားခဲ့ပြီး စိုးမြတ်သူဇာနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ အလှပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။

Miss Universe တစ်ယောက်ဖြစ်တဲ့သူမဟာ ရုပ်ရှင်ဇာတ်ကားတွေကို စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ် ။ သူမကိုချစ်တဲ့ ပရိသတ်ကြီးလည်း ဇာတ်ကားတွေ ရိုက်ကူးနေတဲ့သူမကို အားပေးလိုက်ကြပါဦးနော် ။

Source : Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။