ဂီတလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း Sexy Photo လေးတွေကို ရိုက်ကူးရင်း မော်ဒယ် တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့ ဂုဏ်ရှိန်ဝင့်ထယ်တစ်ယောက် ဂုဏ်သိက္ခာ ကို ထိခိုက်တယ်လို့ယူဆတဲ့ အတွက် ဝတ်လစ်စားလှစ် ပုံတွေရိုက်ဖို့ကို ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။ မြန်မာတွေအပြင် စင်္ကာပူ နိုင်ငံအထိ ပရိသတ်တွေရဲ့ အားပေးမှုတွေကို လည်းခံနေရပါတယ်။

ငွေရေးကြေးရေးအရ မက်လောက်အောင်ရတယ်၊ အနုပညာအလုပ်တွေကိုလုပ်ဖို့ အခွင့်အလမ်းတွေရှိနေခဲ့ပေမယ့် မြန်မာနိုင်ငံသူတစ်ယောက်ဖြစ်နေတဲ့ အတွက် လက်မခံပဲ ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။ မိဘတွေဘက်ကို ငဲ့တာ ၊ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတာ ၊ အင်တာနက်ပေါ်မှာ ပျံ့နှံ့မှာတွေကို လက်မခံနိုင်တာကြောင့် ဒီကိစ္စ ကို ငြင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ပရိသတ်တွေ ကို အဆဲတောင်းသလို ဖြစ်တော မျိုးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ကြောင်းပြောဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ Sexy Model လောကကို လုံးဝလက်ခံသေးတာမဟုတ်သေးတာအပြင် ရိုင်းရိုင်းစိုင်းစိုင်း ဈေးညှိုတာတွေကိုလည်း ကြုံတွေ့ခဲ့ရတာတွေကိုလည်းကြုံတွေ့ရတယ်လို့ ပြောကြားထားပါတယ်။ လက်ရှိမှာ Sexy လောကကို ခေတ္တပြည်ဖုံးကားချထားရင်း ပရိသတ်တွေရဲ့ မေတ္တာကို ရရှိစေတဲ့အနုပညာတွေကို ချပြပေးမယ်လို့ ဆိုထားပါတယ်။

Source - Gonnshain Winnthtal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။