မနေ့ညကယှဉ်ပြိုင်ကစားသွားခဲ့တဲ့UEFA Champions League အုပ်စုပွဲတွေကိုမနေ့ကယှဉ်ပြိုင်ကစားခဲ့တာဖြစ်ကြပါတယ်။အုပ်စုပွဲတွေထဲကအကောင်းဆုံးပွဲတစ်ပွဲလို့ဆိုရမယ့်အုပ်စု(C)ရဲ့လီဗာပူးအသင်းနဲ့ပီအက်ဂျီအသင်းတို့ပွဲစဉ်ကတော့ပရိတ်သတ်တွေအကြိုက်ဆုံးပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီပွဲကတော့လီဗာပူးအသင်းရဲ့အိမ်ကွင်းအန်ဖီးမှာယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာပွဲအစမှာတည်းကအကြိတ်အနယ်ရှိခဲ့ပြီးပွဲအပြီးမှာတော့၃-၂ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။နှစ်သင်းလုံးကတော့လူစာရင်းအစုံအလင်နဲ့ပွဲထွက်လာခဲ့ပြီးပွဲကစားချိန်မိနစ်(၃၀)မှာစတာရစ်ကဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်းကစားအားမချပဲတိုက်စစ်ဆင်ခဲ့ပြီး၃၆မိနစ်မှာမီနာရဲ့ပယ်နတီဂိုးနဲ့ဦးဆောင်နေတာဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန်ပြီးခါနီးမိနစ်၄၀မှာမူလာကပီအက်ဂျီအသင်းကခြေပဂိုးတစ်ဂိုးရခဲ့ပြီးပထမပိုင်းအပြီးမှာပါပူးအသင်းက၂-၁ရလဒ်နဲ့အနိုင်ရထားတာဖြစ်ပါတယ်။ဒုတိယပိုင်းအစမှာလည်းနှစ်သင်းလုံးအပိုင်အခွင့်ရေးတွေရခဲ့ပေမယ့်အသုံးမချနိုင်ခဲ့ပါဘူး။ပွဲကစားချိန်၈၃မိနစ်မှာနေမှာကပီအက်ဂျီအသင်းအတွက်ခြေပဂိုးရယူပေးခဲ့ပေမယ့်ပွဲအပြီးအချိန်ပို၉၁မိနစ်မှာဖာမင်နိုကပါဘူးအသင်းတွက်အနိုင်သေချာစေမယ့်ဂိုးသွင်းယူပေးခဲ့တာပါ။ဒီပွဲအနိုင်ကြောင့်ပါပူးအသင်းကအုပ်စုအဆင့်၁မှာဦးဆောင်နေတာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။