မိန်းကလေးတစ်ယောက်အတွက် အလှပရေးရာဟာလည်း အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ အမြဲလှနေမှ ဖြစ်မှာလေ။မျက်နှာတစ်ခုတည်း လှနေလို့ မရပါဘူး။အသားရည်စိုပြည်ဖို့လည်း အရေးကြီးနေပါ တယ်။ ခုချိန်မှာ မလှတဲ့မိန်းကလေးတွေမရှိတော့ပါဘူး။ အလွယ်တစ်ကူနဲ့ အလှပရေးရာပစ္စည်းတွေ ဝယ်ယူရရှိနိုင်တာမို့ မိန်းကလေးတိုင်း လှနေကြပါပြီ။ ခုဖော်ပြပေးမှာကတော့ အိမ်မှာပဲ မျက်နှာပေါင်း တင်နည်းကိုတင်ပြလိုက်ရပါတယ်။

ပျားရည်ကို လူတိုင်းသိမှာပါ သူကကျန်းမာရေးအတွက်လည်း အသုံးဝင်သလို အလှပရေးရာအတွက်လည်း အသုံးတဲ့လှပါတယ်။ပျားရည်ကို လိမ်းပေးခြင်းဖြင့် ချွေးပေါက်တွေပွင့်စေပြီး အညစ်ကြေးတွေကို ရှင်ထုတ် ပေးပါတယ်။ သံလွင်ဆီကတော့ အသားအရေထိခိုက်ပျက်စီးမှု ကိုကာကွယ်ပေးပြီး အစိုဓာတ်ကို ပေးစွမ်း နိုင်ပါတယ်။မုန့်ဖုတ်ဆိုဒါ ဟာလည်း အသားအရေကို ကြည်လင်ရှင်းသန့် စေပါတယ်။ 

ပြုလုပ်ပုံကတော့ ပျားရည်၊ လက်ဆက်စားဇွန်း ၁ ဇွန်း၊ ထိုနည်းတူ မုန့်ဖုတ်ဆိုဒါ ၁ ဇွန်း၊ ပန်းကန်လုံးထဲမှာ ရောထည့်ပါ။ဒီအတိုင်းပါပဲ သံလွင်ဆီ ၁ ဇွန်း၊ မျက်နှာပေါ်လိမ်းပေးပါ။ ၁၀ မိနစ်လောက်ထားပါ။ ပြီးမှရေနွေး လေးနဲ့ မျက်နှာသစ်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် ဝင်းပစိုပြည်တဲ့ အသားရည်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့နည်းလမ်းပဲဖြစ်ပါတယ်။

Source: JOlly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။