နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ One Championship(MMA) ပြိုင်ပွဲရဲ့ ချန်ပီယံတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်းကတော့ ကြိုးစားမှုတွေနဲ့အတူ ရုန်းကန်နေပြီဖြစ်ကြောင်း သိရပါတယ်။ မကြာမီယှဉ်ပြိုင်တော့မယ့် အောက်တိုဘာပြိုင်ပွဲက အောင်လအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်သလို ပြည်တွင်း ပြိုင်ပွဲတွေရဲ့ နောက်ဆုံးပွဲတစ်ပွဲဆိုလည်း မှားမယ်မထင်ပါဘူး။  

လက်ရှိ အောင်လအန်ဆန်းကတော့ လေ့ကျင့်မှုကို ပိုမိုဂရုစိုက်နေရပြီး မိသားစုကို စွန့်ခွာထားခဲ့ရတာတွေ့ရပါတယ်။ အဆိုပါ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ (Pursuit of Greatness) ကို လက်ဘနွန်နိုင်ငံသား မိုဟာမက်ကရာကီနှင့် အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားရုံ (၁) သုဝဏ္ဏတွင်ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။  

ပြိုင်ပွဲအချိန်နီးကပ်လာသည်နှင့်အမျှ အောင်လရဲ့ ကြိုးစားမှုတွေကလည်း မြှင့်တင်လျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ အောင်လအန်ဆန်းရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ဝါသနာတူ လက်ဝှေ့ဖိုက်တာကြီးတွေနှင့်အတူ ပူးပေါင်းလေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ လက်ရှိအောင်လရဲ့ လှုပ်ရှာ်းမှုပုံရိပ်လေးတွေပဲဖြစ်ပြီး ပြိုင်ပွဲအတွက် အကောင်းဆုံးထိုးသတ်သွားဖို့ပြင်ဆင်နေရကြောင်း သိရပါတယ်။ အောင်လအန်ဆန်းရဲ့ ပြည်တွင်းနောက်ဆုံးပွဲတစ်ခုဖြစ်တဲ့ အဆိုပါမစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲ (Pursuit of Greatness) ကို အတူတူသွားရောက်အားပေးဖို့ မျှဝေရင်း အားပေးစကားပြောကြားပေးခဲ့ကြပါအုန်းနော်...။

pHOTOS - aUNG lAnHG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။