ဂျုံဟာအစားသောက်တော်တော်များများမှာ ပါဝင်နေပါတယ်။ဂျုံဟာ ကျန်းမာရေးအတွက် အကျိုးပြုပုံတွေ ကိုတင်ပြသွားမှာဖြစ်ပါတယ်။ ဂျုံစားခြင်းကြောင့် အားပြည့်စေပြီး အဝလွန်ခြင်းကိုတောင် ထိန်းချုပ်ပေးပါ တယ်နော်။ ပြီးတော့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲကမလိုအပ်တဲ့ ကိုလက်စထရောတွေ လျော့ကစေပါတယ်။ နှလုံးဝေဒနာရှင်တွေအတွက်တော့ ဂျုံကို စားပေးသင့်ပါတယ်။

ဂျုံမှာပါဝင်တဲ့ မဂ္ဂနီဆီယမ် နဲ့ အင်ဇိုင်းဓာတ်တို့ဟာ ခန္ဓာကိုယ်ထဲက အင်ဆူလင် နှင့် ဂလူးဂိုစ် တို့ကို ကောင်း မွန်စေဖို့ များစွာအထောက်ကူပြုစေပါတယ်။ ပြီးတော့ ဂျုံမှာပါဝင်တဲ့ အရာတွေက ကိုလက်စထေရောနဲ့ ပြည့်ဝဆီတွေ ကို လျော့ကျပေးတာမို့ ကင်ဆာနဲ့ ဆီးချိုဖြစ်ခြင်းကိုလည်း အထိရောက်ဆုံးကာကွယ်ပေး ပါတယ်။ပုံမှန်လေးစားပေးခြင်းကြောင့် သကြားဓာတ်ကို ထိန်းပေးပြီး ဆီးချိုမတက်အောင် ထိန်းထားနိုင်ပါ တယ်။

တစ်နေ့ကို ၃၀ ဂရမ်လောက် စားပေးရင် ရင်သားကင်ဆာကို ကာကွယ်ပေးပြီး သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ကယ်လ်စီယမ်ပါဝင်တာမို့ အရိုးအဆစ်တွေကိုလည်း သန်မာစေပါ တယ်။ဂျုံမှာ ဖော်လစ်အက်ဆစ်ပါ ပါဝင်တာမို့ ကိုယ်ဝန်ဆောင်နှင့် ကလေးအတွက်ပါ ပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးလည်းကောင်းမွန်စေမှာဖြစ်လို့ ဂျုံစားဖို့ တိုက်တွန်းလိုက်ပါရစေနော်။ 

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။