ပုဂံတွင်

သိန်း၅၀၀ တန် Sun set ကြည့်မည့်နေရာ

20-2-2017 နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရသည် ။

မြေနီတွေကို ပုံထားတယ် စီစီညီညီ ပေါ့ ချုပ်တန်းတွေတော့မတွေ့ရဘူးဗျ။ အပေါ်တက်ကြည့်ဖို့ကို ဆင်ခြေလျောလုပ်ထားတယ်။ လှေကားပုံစံအထစ်လေးတောင်မပါဘူးဗျ။ အပေါ်မှာတော့ ချုပ်တန်းလိုလို အကာကာလိုလို သစ်သားတန်းလေးတော့ ဘောင်ကွတ်ထားတယ်။ ဒါက ပုဂဒေသ အရပြောမယ်ဆို ဧည့်ကျရာသီလက်ကျန် ၂လ စာအတွက်ပဲ လုပ်ထားလေသလား မှတ်ရတယ်။ Safety အတွက်ကတော့ လုံးဝ စိတ်မချရပါ။ Sunset ကြည့်လို့လည်း လုံးဝမကောင်းပါဘူး ။ ရှေ့မှာ လယ်ကွင်းတွေကြီးပဲ ရှိတယ်။ ဘုရားတွေနဲ့ကအဝေးကြီး။ သွားတော့ကြည့်ကြပါဦး ကျွန်တော်ပြောတာက အနည်းအကျဉ်း ချန်ထားသေးတာ။ဒီနေ့ဆို Foreigner လာကြတယ်။ ခနပဲ နွားလှည်းလေးမောင်းလာတာ ဓာတ်ပုံရိုက်ပြီး ပြဿဒ်ကြီးပဲသွားမယ်ဆိုပြီး ပြန်ထွက်သွားတယ်။အဓိကပြောချင်တာက ကျွန်တော် Sunset သွားကြည့်ဖြစ်တာလေးပါဗျာ..???

ဟုဒေသခံတစ်ဦးကပြောကြားသည် ။

Photo

Kyaw Zin

Sithu Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။