မန်ခွတ် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်နိုင်ငံမှာ သေဆုံးတဲ့သူ ဦးရေဟာ ၈၁ ယောက် ရှိသွားပြီလို့ သိရပါတယ်။

၎င်းမုန်တိုင်းဒဏ်ကိုတော့ လူ ၅ သန်းလောက် ခံစားရပြီး၊ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ သွားရောက် ခိုလှုံရသူတွေအနေနဲ့လည်း အရေအတွက် ၁ သိန်းကျော်လောက်ရှိနေပါတယ်။  

ယခုသေဆုံးခဲ့သူအများစုကတော့ မုန်တိုင်းတိုက်ခတ်စဉ် မိုးကြီးပြီး မြေပြိုလို့ သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြေပြိုကျတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပြန်လည်ထူးထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။  

သို့ပေမယ့် ယခုအချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတာ မပြီးဆုံးသေးတဲ့အတွက် ရွံ့နွံတွေထဲမှာ ကျန်ရှိနေသူတွေ ရှိနေနိုင်ပါသေးတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း လူဦးရေစာရင်းအရ လူ ၅၅ ဦးပြောက်ဆုံးနေသေးတယ်လို့သိရပါတယ်။

soure - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။