ကမ္ဘာ့လက်ဝှေ့ဖိုက်တာကြီးတွေဖြစ်ကြတဲ့ အမေရီကန်လက်ဝှေ့ချန်ပီယံ ဖလွိုင်မေဝယ်သာနှင့် ဖိလစ်ပိုင်လက်ဝှေ့ဖိုက်တာ ပတ်ကွီအိုတို့ကိုတော့ လက်ဝှေ့ချစ်ဝါသနာရှင်အားလုံးသိမယ်ထင်ပါတယ်။ လက်ဝှေ့ပွဲပေါင်းများစွာထိုးသတ်ထားပြီး နိုင်ပွဲများစွာနှင့်အတူ ကမ္ဘာ့ကျော်လက်ဝှေ့ဖိုက်တာတွေအဖြစ်ရပ်တည်နိုင်ခဲ့သူတွေပဲဖြစ်ပါတယ်။ မေဝယ်သာနှင့် ပတ်ကွီအိုတို့ကတော့ ၂၀၁၅ခုနှစ် မေလက အမေရိကန်နိုင်ငံမှာ ထိုးသတ်ခဲ့ဖူးသူတွေဖြစ်ပြီး ချန်ပီယံမေဝယ်သာကတော့ ရှုံးပွဲမရှိ အမှတ်သာဖြင့်သာအနိုင်ရရှိထားခဲ့တာတွေ့ရပါတယ်။  

မကြာသေးမီက မေဝယ်သာကတော့ လက်ဝှေ့လောကကအနားယူခဲ့ပြီး ခရီးထွက်အပန်းဖြေမှုတွေနဲ့အတူ ဘဝကိုဖြတ်သန်းနေတာတွေ့ရပါတယ်။ ပတ်ကွီအိုကတော့ သူ့ရဲ့ ရှုံးပွဲနှင့်ပတ်သက်ပြီး ပြန်လည်ထိုးသတ်ရန်စိန်ခေါ်ခဲ့ပြီး မေဝယ်သာ သာလက်ဝှေ့လောကထဲပြန်လည်ဝင်ရောက်လာရင် ထိုးသတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စိန်ခေါ်မှုနှင့်ပတ်သက်ပြီး မေဝယ်သာကတော့ ပြိုင်ဘက်ဟောင်း ပတ်ကွီအိုနှင့် ယခုနှစ်အတွင်းမှာ ပြန်လည်ထိုးသတ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာတွေ့ရပါတယ်။  

မေဝယ်သာကတော့ လက်ဝှေ့လောကထဲပြန်လည်ဝင်ရောက်ဖြစ်ခဲ့ရင်တော့ မန်နီနှင့်အရင်ထိုးသတ်သွားမှာဖြစ်ပြီး ပြိုင်ဘက်ဟောင်းပတ်ကွီအိုရဲ့ စိန်ခေါ်မှုကိုလည်း ထိုးသတ်ဖို့စဉ်းစားသွားမှာဖြစ်ကြောင်း Instargram မှာပြောကြားထားတာတွေ့ရပါတယ်။ လက်ရှိ ပွဲ ၅၀ ထိုးသတ်ထားပြီး ရှုံးပွဲမရှိစံချိန်တင်နိုင်ခဲ့တဲ့ မေဝယ်သာနှင့် ၆၉ ပွဲထိုးသတ်ထားရာ ၂ ပွဲသရေ ၇ ပွဲရှုံးရလဒ်ကို ရရှိထားသူတွေလည်းဖြစ်တာတွေ့ရပါတယ်။

Photos - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။