ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဂျက်ဝီလ်ရှိုင်းယားဟာ ဒူးဒဏ်ရာကြောင့် တလလောက် အနားယူရမယ်လို့ သိရပါတယ်။အင်္ဂလန်ကွင်းလယ်လူ ဝီလ်ရှိုင်းယားဟာ အခုနှစ်အပြောင်းအရွှေ့ကမှ အာဆင်နယ်အသင်းကနေ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ခဲ့တာပါ။ဝက်စ်ဟမ်းအသင်းနဲ့အတူ ၄ ပွဲ ပွဲထွက်ကစားခဲ့ရာမှာ နိုင်ပွဲမရခဲ့ဘဲ ဝုဗ်အသင်းနဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာပါ။ 

ပြီးခဲ့တဲ့အပတ်က အဲဗာတန်ကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝီလ်ရှိုင်းယား ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ဒူးဒဏ်ရာ ခွဲစိတ်ရမှာ ဖြစ်တဲ့အတွက် အနည်းဆုံး လေးပတ်လောက် အနားယူရမှာဖြစ်လို့ ချဲလ်ဆီး၊ မန်ယူ၊ ဘရိုက်တန်၊ စပါးအသင်းတွေနဲ့ ပွဲတွေကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ဝီလ်ရှိုင်းယားဟာ အာဆင်နယ်အသင်းမှာ ရှိစဉ်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။

အာစင်ဝင်းဂါးလက်ထပ်ကတည်းက ဂျက်ဝီလ်ရှိုင်းယားဟာ ဒဏ်ရာတွေကြောင့် အငှားတွေထွက်ကစားခဲ့ရပြီး ယခုမှာလဲ ဝက်ဟမ်းကိုရောက်ရှိလာချိန်မှာ ဒဏ်ရာတွေရရှိနေတာဖြစ်ပါတယ်။ ဂျက်ဝီလ်ရှိုင်းယားဟာ ဘောလုံးကစားရတဲ့ အချိန်ထက် ဆေးရုံပေါ်က ကုတင်ထက်မှာသာ အချိန်ဖြုန်းနေရသူဆိုလဲ မမှာပါဘူး။ 

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။