မကြာသေးမီကဖြစ်ပေါ်ခဲ့တဲ့ ဘားအံအကျဉ်းထောင်ဖောက်ထွက်မှုသတင်းကိုတော့ အားလုံးသိပြီးဖြစ်မယ်ထင်ပါတယ်။ ပြည်တွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ ရေပန်းစားဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပြီး လက်ရှိအထိထွက်ပြေးလွတ်မြောက်သူအားလုံးကို ပြန်လည်ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရပါတယ်။  

အဆိုပါ ထောင်ဖောက်မှုဖြစ်စဉ်ဖြစ်ပေါ်ခဲ့သည့်နေ့မှာပဲ အကျဉ်းသား ၁၄ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး မနေ့က စက်တင်ဘာလ ၁၈ရက်နေ့မှာလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ လက်ရှိ ထောင်ဖောက်ထွက်ပြေးသူ စုစုပေါင်း၄၁ယောက်မှာ ၂၁ယောက်အား ပြန်လည် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူများထဲမှာ ပြန်လည်ခုခံသူအချို့ရှိခဲ့တာကြောင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရပါတယ်။  

အဆိုပါ သေနတ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးခဲ့ရပြီး မနေ့က နေ့လည် ၂နာရီ ၁၅ မိနစ်အချိန်တွင် ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံမှတဆင့်ထန်းကိုးပင်သုဿန်တွင် မဃလူမှု့ကူညီရေးအသင်းမီ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သေဆုံးသူနှစ်ဦးထဲတွင် ထွက်ပြေးရာမှာ ဦးဆောင်ခဲ့တဲ့ခေါင်းဆောင် ကျော်မိန်လ(ခ)အရှောင်(ခ)ကျော်ဖကုလား (ခ) မိန်လ အသက် ၃၃နှစ်နှင့် အပေါင်းအပါကံမြင့်တို့နှစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။

Photos - U Kyaw Gyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။