မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု ဘီ အဖွင့်ပွဲစဉ်မှာ ဘာစီလိုနာက ပီအက်စ်ဗွီကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ဘာစီလိုနာဟာ မက်ဆီ၊ ဆွာရက်ဇ် တိုက်စစ်အတွဲနဲ့အတူ ဒမ်ဘီလီ၊ ကော်တင်ဟို၊ ဘတ်စ်ကွက်၊ ရာကီတစ်၊ ပီကေး စတဲ့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာပါ။အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ ဘာစီလိုနာက ဧည့်သည် ပီအက်စ်ဗွီအသင်းကို စိတ်ကြိုက် ဖိအားပေး ကစားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းမှာပါ အသာရခဲ့ပါတယ်။

ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး မက်စီက ပွဲချိန် ၃၁ မိနစ်၊ ၇၇ မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ဟက်ထရစ်၊ ၇၄ မိနစ်မှာ ဒမ်ဘီလီက တဂိုး သွင်းယူပေးခဲ့ပါတယ်။ပွဲချိန် ၇၉ မိနစ်မှာ ဘာစီလိုနာ နောက်ခံလူ အမ်တီတီ နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပေမယ့် ပီအက်စ်ဗွီအသင်း အသုံးမချနိုင်ဘဲ ပွဲအပြီးမှာ ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

မနေ့ညပဲ ယှဉ်ပြိုင်တဲ့ အုပ်စု ဘီ တခြားပွဲစဉ်မှာတော့ အင်တာမီလန်က တော့တင်ဟမ်ဟော့စပါးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ပွဲချိန် ၅၃ မိနစ်မှာ အဲရစ်ဆန်က စပါးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၅ မိနစ်မှာ အီကာဒီ၊ ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ဗက်စီနိုတို့က အင်တာအတွက် နှစ်ဂိုးဆက်သွင်းပေးခဲ့လို့ ပွဲအပြီးမှာ အင်တာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။

source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။