ဘယ်လ်ဂျီယံနိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားပြီးသေဆုံးသွားခဲ့တဲ့ တောဝက်နှစ်ကောင်ကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက သတိပေးစာထုတ်ပြန်ထားပါတယ်။အာဖရိက ဝက်တုပ်ကွေးနဲ့ သေဆုံးခဲ့တဲ့အဆိုပါ ဝက်တွေကို စက်တင်ဘာ၁၃ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဆိုပါဖြစ်ရပ်ကြောင့် ဝက်သားဈေးနှုန်းအရေးကိုလည်း ဝက်မွေးမြူရေးသမားတွေ စိုးရိမ်နေတာပဲဖြစ်ပါတယ်။

လက်ရှိ လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဝက်သားဈေးကွက်မှာ ဈေးနှုန်းထိုးကျသွားမှာကို ဝက်မွေးသူတွေ စိုးရိမ်နေတယ်လို့ ဘယ်လ်ဂျီယံ ဝက်မွေးမြူရေးသမဂ္ဂ ကိုယ်စားလှယ် ဂွမ်နဲမာတင်က ပြောပါတယ်။ ဆက်လက်ပြီး အာဖရိကဝက်တုပ်ကွေး ပြန့်လာမယ်ဆိုရင် နိုင်ငံတချို့ဟာ ဥရောသမဂ္ဂ (အီးယူ) အဖွဲ့ဝင် နိုင်ငံတွေက တင်ပို့လာတဲ့ ဝက်သားတွေကို ပိတ်ပစ်တာမျိုး ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်လို့ အဆိုပါကိုယ်စားလှယ်ကပြောပါတယ်။

၂၀၁၄ ခုနှစ်တုန်းကလည်း လစ်သူရေးနီးယားနိုင်ငံမှာ အခုလို ဝက်တုပ်ကွေးဖြစ်ပွားခဲ့တာကြောင့် ရုရှားဟာ ဥရောပနိုင်ငံတော်တော်များများက ဝက်သားပို့ကုန်တွေကို ပိတ်ပစ်ခဲ့ဖူးတယ်လို့သိရပါတယ်။လက်ရှိမှာလည်း ဝက်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဥရောပတိုက် အရှေ့ပိုင်းမှာ ဝက်ကောင်ရေ သိန်းချီကို သုတ်သင်ရှင်းလင်းထားပြီးပြီလို့ သတင်းရရှိပါတယ်။ရုတ်နိုင်ငံမှာလည်း ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တချို့မှာ ဝက်အရှင် သယ်ယူပို့ဆောင်တာကို တားမြစ်ထားတယ်လို့သိရပါတယ်။  

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။