ခတ်ခဲတဲ့ ရက်သတ္တပါတ် တစ်ခုကို ဖြတ်သန်းပြီးနောက် ဘာစီလိုနာ အသင်းတိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အခု အီဂျစ်ကို ရောက်ရှိနေပါပြီ ။ မက်ဆီဟာ အသဲရောင် ရောဂါ C ပိုးဒဏ်ကို ခံစားနေရတဲ့ မြောက်အာဖရိကသားတွေကို သွားရောက် ကူညီထောက်ပံ့ပေးဖို့ အီဂျစ်မြေကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိ အီဂျစ်မြေမှာ အသည်းရောင် ရောဂါဟာ ဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေပါတယ် ။

'' အသည်းရောင် ရောဂါ C ပိုးအတွက် ဆေးကုသမှုတွေ အမြန်ဆုံး ပြုလုပ်ရင်း အသက်တွေကို ကယ်တင်နိုင််ပါတယ် ။ ဆေးကုသဖို့အတွက် ကြန့်ကြာမှုတွေ မရှိအောင် ၊ ဆေးကုသဖို့ စောင့်ဆိုင်းနေတဲ့ လူစာရင်းတွေ အမြန်ဆုံး ကုသမှု ရရှိလေအောင် လုပ်ဆောင်ကြစို့ '' လို့ Tour n' Cure ရဲ့ သံတမန် ဖြစ်လာတဲ့ မက်ဆီက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ် ။

WHO ရဲ့ အဆိုအရ တစ်ကမ႓ာလုံးမှာ အဆိုပါ ရောဂါဟာ လူ သန်း 120 ကနေ သန်း 130 ထိ ဖြစ်ပွားနေပြီး တစ်နှစ်ကို လူငါးသိန်း နီးပါး ဒီရောဂါကြောင့် သေဆုံးနေတယ်လို့ သိရပါတယ် ။ ကနဦးက မက်ဆီဟာ ဒီခရီးစဉ်ကို ဒီဇင်ဘာထဲက သွားဖို့ရှိနေခဲ့ပေမယ့် အဆိုပါ အချိန်က ကိုင်ရို Church ကျောင်းမှာ အသေခံ ဗုံးဖောက်မှုကြောင့် လူ 29 ဦး သေဆုံးခဲ့တာကြောင့် မက်ဆီရဲ့ ခရီးစဉ်ဟာ ပျက်ခဲ့ရပါတယ် ။

အခုတော့ မက်ဆီဟာ ကမ႓ာ့တစ်ဝှမ်း အသည်းရောင်ရောဂါ ခံစားမှုတွေကြောင့် ဆေးကုသမှု အလျင်မမှီတဲ့ ၊ ဆေးကုသစရိတ် မတက်နိုင်ကြတဲ့ လူအများစုကို သင့်တင့်တဲ့ စျေးနှုန်းထားနဲ့ အမြန်ဆုံး ကုသခွင့် ရရှိအောင် Tour n' Cure နဲ့ ပူးပေါင်းပြီး စတင်ဆောင်ရွက်နေပါပြီ ။

#Big_Big_Respect_Leo

Ref : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။