နော်ဝေသံအမတ်ကြီးဆီကို စာရေးသားပေးပို့ခဲ့တဲ့ အသက် ၈ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး နော်ဝေကနေ မြန်မာနိုင်ငံကိုရောက်လာတဲ့ သုတေသန သင်္ဘောပေါ်ကို တက်ရောက်လေ့လာခွင့်ရရှိခဲ့တယ်လို့သိရပါတယ်။ နော်ဝေသံအမတ်ကြီးဆီကို စာရေးသားပေးပို့ခဲ့တဲ့ကလေးငယ်လေးကတော့ ရန်ကုန်မြို့က အသက် ၈ နှစ်အရွယ် မူလတန်းကကျောင်းသား ဝေဟင်ထွန်းထွန်း ခေါ်တဲ့ ဝီလျံဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံကိုလာရောက်မယ့် သုတေသနလုပ်ငန်းသုံးရေယာဉ် Dr. Fritdjof Nansen ဟာခရီးစဉ်အတွက် နော်ဝေသံရုံးက လိုအပ်တာတွေ ပြင်ဆင်နေတုန်းမှာ နော်ဝေသံအမတ်ကြီးဆီလိပ်မူပြီး အဆိုပါကလေးလေးရဲ့စာလေးတစ်စောင်ပေးပို့ခဲ့တာပဲ ဖြစ်ပါတယ်။

ငါး၊ ငါးမန်းနဲ့ ဂဏန်းတွေကို ချစ်မြတ်နိုးတဲ့ ဝေဟင်ထွန်းထွန်းဟာ အဲဒီ ကမ်းရိုးတန်းသွား သင်္ဘောကြီးပေါ်မှာ ငါးတွေ၊ အနုကြည့်မှန်ပြောင်းတွေ ပါလာမယ်လို့ သူရဲ့ မိခင်ဆီကတဆင့်သိခွင့်ရခဲ့တာကြောင့် သဘောၤပေါ်လေ့လာလည်ပတ်ခွင့်ရေးသားတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့် Dr. Fritdjof Nansen သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ရေယာဉ်အမှုထမ်းတွေက ဝီလျံနဲ့ သူ့ရဲ့ မိခင်တို့ကို ရေယာဉ်တပတ် တာဝန်ယူ လှည့်လည်ပြသပေးမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့သိရပါတယ်။အဆိုပါကလေးငယ်ကို ရေယာဉ်မှူးကြီး Aron Hapoldoy ကိုယ်တိုင် လက်ခံကြိုဆိုခဲ့ပြီး ရေယာဉ်အရာရှိချုပ် ကိုယ်တိုင်ကလည်း ရေယာဉ်တလျှောက် လိုက်လံပြသပေးခဲ့တာပဲဖြစ်ပါတယ်။

အနာဂါတ်မှာ သိပ္ပံပညာရှင်တယောက်ဖြစ်လာမယ့် မြန်မာကလေးငယ်တစ်ယောက်ကို ကမ်းရိုးတန်းသွား Dr. Fritdjof Nansen ရေယာဉ်ပေါ်မှာ အခုလို လက်ခံကြိုဆိုခွင့်၊ လိုက်လံပြသခွင့် ရရှိခဲ့လို့ အထူးဂုဏ်ယူဝမ်းမြောက်တယ်လို့ နော်ဝေသံရုံးက ထုတ်ပြန်ထားပါတယ်။Dr. Fritdjof Nansen သင်္ဘောကြီးကတော့ မြန်မာနိုင်ငံကို စက်တင်ဘာ ၁၂ ရက်မှာ ရောက်လာတာ ဖြစ်ပြီး ၁၉၇၉က တစ်ကြိမ် ၂၀၁၃ခုနှစ်ကတစ်ကြိမ်နဲ့ ၂၀၁၅ ခုနှစ်တွေတုန်းကတစ်ကြိမ်စုစုပေါင်းသုံးကြိမ်လာရောက်ခဲ့ပြီး ယခုအခေါက်နဲ့ဆို (၄)ကြိမ်မြောက်လာရောက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါသဘောၤကြီးကတော့ မြန်မာ့ပင်လယ်ပြင်က ငါးသယံဇာတနဲ့ တခြားဇီဝမျိုးကွဲတွေ အခြေအနေအပြင် သဘာဝ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ သုတေသန အချက်အလက်တွေကို စုဆောင်း ပေးခဲ့တယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။