ပြီးခဲ့တဲ့တနင်္ဂနွေညကကစားခဲ့တဲ့ ဆက်ဆူအိုလိုအသင်းနဲ့ စီးရီးအေပွဲစဉ်က ရိုင်းစိုင်းလွန်းတဲ့လုပ်ရပ်တွေကြောင့် ဂျူဗင်တပ်တောင်ပံကစားသမား ဒေါက်ဂလပ်စ်ကော်စတာကိုအဖွဲ့ချုပ်က 4 ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ကော်စတာဟာ အဲဒီပွဲစဉ်ရဲ့ ဒုတိယပိုင်း နာကျင်အချိန်ပိုမှာတော့ ဆက်ဆူအိုလိုကစားသမား ဒီဖရန်ဆက်စကိုနဲ့ပြသနာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

သူတို့နှစ်ဦးအငြင်းပွားချိန်မှာ ကော်စတာဟာ ဒီဖရန်ဆက်စကိုကို တံတောင်နဲ့တွတ်ခဲ့တဲ့အပြင် မျက်နှာကိုလည်း တံတွေးနဲ့ထွေးခဲ့သေးတာပါ။ သူ့ရဲ့လုပ်ရပ်ကြောင့်ပရိတ်သတ်တွေက အရမ်းကိုရိုင်းစိုင်းတဲ့လုပ်ရပ်တစ်ခုအဖြစ် ရှုတ်ချခဲ့ကြသလို ဂျူဗင်တပ်အသင်းနည်းပြအယ်လီဂရီကလည်း လုံးဝမဖြစ်သင့်တဲ့အပြုအမူလို့ ဝေဖန်ခဲ့ကာ အရေးယူသွားမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။

ကော်စတာရဲ့လုပ်ရပ်ကြောင့် ဒိုင်လူကြီးက အနီကတ်ပြထုတ်ပယ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ဖို့စောင့်နေခဲ့တာပါ။ ဒါပေမဲ့ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဖြစ်ရပ်ကိုပြန်လည်သုံးသပ်ပြီးနောက် 4 ပွဲပယ်ပြစ်ဒဏ်သာချမှတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီပြစ်ဒဏ်ကြောင့် ကော်စတာဟာ ဖရိုဆီနိုနီ၊ ဘိုလော့ဂ်နာ၊ နာပိုလီ၊ အူဒီးနိစ်တို့နဲ့ကစားရမယ့် စီးရီးအေ 4 ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။