အကြောင်းမဲ့ အလုပ်မှ ထုတ်ခံရမှုကြောင့် မြန်မာ အလုပ်သမား ၅၀၀ ဦးခန့် ဆန္ဒဖော်ထုတ်

ယနေ့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ခွန်ထင် နယ်မြေ ထားခမ်း လမ်းသွယ် ၈ ရှိ AGROPACK INDUSTRY ဆိုင်ကယ် ဦးထုတ် ထုတ်လုပ်မှု စက်ရုံတွင် မြန်မာ အလုပ်သမား ၅၀၀ ဦးခန့် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခဲ့ပါတယ်။

အကြောင်းရင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက် သောကြာနေ့တွင် စက်ရုံအတွင်း တစ်နေရာမှာ ရုတ်တရက် ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၎င်း မီးလောင် ဖြစ်ပွားမှုဟာ မြန်မာ အလုပ်သမားများ ဂရုမဲ့မှုကြောင့် ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာ အလုပ်သမား တချို့ကို အလုပ်မှ ထုတ်လိုက်သည့် အတွက် မကျေမနပ် ဖြစ်ကြကာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခဲ့ပါတယ်။ အကြောင်းရင်း မှန်မှာ အလုပ်သမား ဂရုမဲ့မှု မဟုတ်ပဲ မတော်တဆ ပေါက်ကွဲ လောင်ကျွမ်းမှု ဖြစ်တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ မကျေမနပ် ဖြစ်မှုနှင့် ဆန္ဒ ဖော်ထုတ်မှု ပြုလုပ်ခြင်း ကြောင့်လည်း လုပ်ငန်းရှင် သူဌေးက အလုပ်သမားများကို ရဲများ လာရောက် ဖမ်းဆီးပေးရန် ခြိမ်းခြောက် ခဲ့ပါသေးတယ် လို့ သိရပါတယ်။

ဤအမှုကို ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာ အလုပ်သမား သံအရာရှိထံ အကူအညီ တောင်းထားပြီး ထိုင်းရှေ့နေများ ကောင်စီရုံးမှ ရှေ့နေများ ခရီးလွန် နေသဖြင့် ရှေ့နေကောင်စီ ရုံးဝန်ထမ်း မြန်မာတစ်ဦး ကိုအချိုင် ဆိုသူက လာရောက် ညှိနှိုင်း ကူညီ ဖြေရှင်း ပေးခဲ့ပါတယ်။

မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိလည်း လာရောက်

ဖြေရှင်းပေးမယ် လို့လည်း သိရပါတယ်။

Credit - MTF Channel

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။