လမ်းမဘေး၌ ရက်သားအရွယ်ကလေးငယ်တစ်ဦး စွန့်ပစ်ထားသဖြင့် ကျေးရွာဒေသခံပြည်သူတစ်ဦးမှ စောင့်ရှောက်မွေးစားထား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက် ဆွဲလဲကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးမိုင်တိုင်အမှတ်၅၆/ဝ နှင့် ၅၆/၁ကြား၌ ၁၉-၂-၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲအချိန် ရက်သားအရွယ် ကလေးငယ်(မ)တစ်ဦး(အသက်ရှင်လျှက်)စွန့်ပစ်ထားသည်ကို အဆိုပါကျေးရွာတွင်နေထိုင်သူ ဒေါ်အေးမြခိုင် ၁၄/ငသခ(နိုင်)၁၀၁၃၂၅ အသက်(၄၃)နှစ်မှ တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့သတင်းပေးပို့လျှက် လတ်တလောစောင့်ရှောက်မွေးစားထားကြောင်းသိရှိရသည်။

ဆက်လက်၍ ၂၀-၂-၂၀၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံသို့လာရောက်၍ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ မိခင်နှင့်ကလေးကျန်းမာရေးဌာနဝန်ထမ်းများနှင့်ပြည်သူ့ဆေးရုံရှိတာဝန်ကျကျန်းမာရေးဝန်ထမ်းများက အဆိုပါကလေးငယ်အား လိုအပ်သောကျန်းမာရေးစစ်ဆေးချက်များဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းသိရှိရသည်။

အဆိုပါကလေးငယ်မှာ ကိုယ်အလေးချိန် (၁ဒဿမ၅)ကီလိုဂရမ်ရှိပြီး မွေးစမှ ခန့်မှန်း ၅ ရက်အတွင်းစွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်းနှင့်လက်ရှိအချိန်တွင် ကျန်းမာရေးအခြေအနေသင့်တင့်သောအခြေအနေ၌ရှိကြောင်း ဆေးစစ်ချက်မှတ်တမ်းများအရသိရှိရပြီး လတ်တလောစောင့်ရှောက်မွေးစားထားသူ ဒေါ်အေးမြခိုင်မှ ဆက်လက်စောင့်ရှောက်မွေးစားရန် အစီအစဉ်ရှိကြောင်း ပြောကြားထားကြောင်း သတင်းရရှိပါသ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။