လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အသက် ၉၀ နှင့် အထက် သက်ကြီးရွယ်အို အဘိုး အဘွားများကို လစဉ် ကျပ်တစ်သောင်းထောက်ပံ့ပေးသွားတော့မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရှိရပါသည်။ ယခုလက်ရှိတွင် အသက် ၉၀ နှင့် အထက် အဘိုးအဘွားများကို တစ်ဦးစီအတွက် တစ်နှစ်လျှင် ကျပ်တစ်သောင်းခွဲ၊ အသက် ၁၀၀ နှင့်အထက် အဘိုး အဘွားများကို တစ်ဦးစီအတွက် တစ်နှစ်လျှင် ကျပ် နှစ်သောင်းနှုန်းဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ အစိုးရက ထောက်ပံ့ပေးခဲ့ပါသည်။ လာမည့် ဘဏ္ဍာနှစ်မှစတင်၍ လစဉ် ကျပ်တစ်သောင်းနှုန်းဖြင့်ထောက်ပံ့ပေးနိုင်ရန် ဝန်ကြီးဌာနမှ စီစဉ်နေုုုခြင်းဖြစ်ပါသည်။

အစိုးရထောက်ပံ့ကြေးလျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာမြို ့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။ လူမျိုးမရွေး ဘာသာမရွေး လျှောက်ထားနို်င်မည်ဖြစ်ရာ သာသနာ့ဝန်ထမ်း(ရဟန်းတော်၊ သီလရှင်)

များလည်းလျှောက်ထားနိုင်ပါကြောင်းနှင့် ၂၀၁၇ ခုနှစ် မတ်လတွင် အသက် ၉၀ ပြည့်မည့် အဘိုး အဘွားများပါ လျှောက်ထားနိုင်ကြောင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

Source-The Voice

Hnin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။