ကမ္ဘာတစ်လွှားမှာ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ဆိုရမလောက်အောင်ပင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့မှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။

ထိုဆန္ဒပြမှုကတော့ ပြည်သူတွေဟာ အလုပ်လုပ်တဲ့အခါ စွမ်းအင်ကုန်ကျစရိတေ်တွ များနေလို့ အစိုးရအနေနဲ့ စွမ်းအင်ကုန်ကျစရိတ်ကို လျော့ကျသွားအောင်လုပ်ပေးဖို့ တောင်းဆိုကြတဲ့ ဆန္ဒပြပွဲပဲဖြစ်ပါတယ်။ 

၎င်းဆန္ဒပြပွဲကိုတော့ ထောင်နဲ့ချီတဲ့လူတွေက ချီတက်ဆန္ဒပြခဲ့တာဖြစ်ပြီး ဖြစ်ပွားခဲ့တာကတော့ စက်တင်ဘာလ ၁၉ ရက်နေ့ကပဲဖြစ်ပါတယ်။

အာဂျင်တီးနားအစိုးရအနေနဲ့လည်း လက်ရှိအချိန်မှာ နိုင်ငံသုံးပီဆိုငွေ ကျဆင်းနေတာကြောင့် စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံကနေ ဒေါ်လာဘီလျံ ၅ဝ ချေးယူထားရတာပဲဖြစ်ပါတယ်။ 

အခုချေးယူထားတဲ့ ပမာဏ ဟာဆိုရင်လည်း ပီဆိုငွေ တန်ဖိုးကျဆင်းနေတာကို ရပ်တန့်နိုင်ဖို့ထိ လုံလောက်မှုမရှိသေးပါဘူး။

သမ္မတအနေနဲ့ကတော့ အခုငွေကြေးပြသနာကို ဖြေရှင်နိုင်ဖို့အတွက် ဘဏ္ဍာရေးရည်မှန်းချက်နဲ့ ပတ်သက်ပြီး ရန်ပုံငွေအဖွဲ့နဲ့ ပြန်လည်ညှိနှိုင်းနေရတယ်လို့သိရပါတယ်။ 

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။