ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာမြေကြီးပေါ်မှာ ၇ှင်သန်ကျက်စားနေတဲ့ ထူးထူးဆန်းဆန်း အကောင်လေးတွေထဲမှာမှ Iron Man မျက်နှာဖုံးနဲ့ ဆင်တူတဲ့ ပိုးကောင်လေးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။ ဒီအကောင်လေးရဲ့ မျက်နှာဟာ တကယ်ကိုပဲ Iron Man မျက်နှာဖုံးတပ်ထားသလားလို့တောင် အထင်မှားသွားစေနိုင်ပါတယ်။ ဒီအကောင်လေးရဲ့ မျိုးစိတ်ကတော့ Daphnis nerii လို့ခေါ်တဲ့ ပုံးတုံးလုံး မျိုးနွယ်မှ အကောင်လေးများ ဖြစ်ပါတယ်။ 

ပိုးကောင် များဟာ အာဖရိက နဲ့ အာရှမှာ ရှင်သန် ပေါက်ဖွားမှုများပြီး အသီးအနှံ့ ဖျက်တဲ့ စားသုံးတဲ့ ပိုးတစ်မျိုးဖြစ်ပြီး နယ်တွေ ဘက်မှာ ဆိုရင် ပိုးယားကောင်၊ ပိုးတုံးလုံး၊ ပိုးလောက် အစရှိသဖြင့် ခေါ်ကြပါတယ်။ ဒီအကောင်လေးတွေဟာ သေးငယ်လွန်းလှပီး သူတို့ကို စတင်သတိထားမိသွားတာကတော့ သတ္တဗေဒပညာရှင်တွေက တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ဒီအကောင်လေးတွေဟာ ဥရောပတိုက် တောင်ပိုင်းမှာလည်း နွေရာသီဆိုရင် ရှင်သန် ပေါက်ဖွားလေ့ ရှိကြပြီး တွေ့မြင်ဖို့လည်း အနည်းငယ်ခဲယဉ်းတယ်လို့လည်း သိရပါတယ်။ ပရိသတ်ကြီးအတွက်အခုလို ထူးဆန်းတဲ့ သတ္တဝါလေးတွေ အကြောင်းကို နောက်လည်း တင်ဆက်ဖော်ပြပေးအုန်းမှာမို့လို့ စောင့်မျှော် ဖတ်ရှုပေးကြပါအုန်းနော်။  

Source : Naykhayan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။