လက်ရှိ တိုးတက်နေတဲ့ ခေတ်ကြီးမှာ အီလက်ထရောနစ်ပစ္စည်းများစွာကို အသုံးပြုနေကြပြီး စာအုပ်ဖတ်ရှု့သူအလွန်နည်းပါးသွားပြီဖြစ်တာကိုတော့ အားလုံးသိရပါတယ်။ ပြည်တွင်း စာကြည့်တိုက်ကို သွားရောက်ဖတ်ရှု့သူနည်းပါးလာပြီး စာပေချစ်မြတ်နိုးသူတွေလည်း လျော့နည်းလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ စာပေဖတ်ရှု့မှုနည်းပါးခြင်းကတော့ ကျေးလက်တောရွာတွေတင်မက လက်ရှိ နာမည်ကြီးမြို့ကြီးများမှာပါ အလားတူဖြစ်နေကြောင်း စာပေပညာရှင်ကြီးတွေရဲ့ လေ့လာချက်အရသိရပါတယ်။  

လက်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမည်ဖြစ် ဖွင့်လှစ်ထားတဲ့ ရွေ့လျားစာကြည်တိုက်တွေရဲ့ ကြိုးစားမှုကတော့ ပြည်နယ်နှင့် တိုင်း ၁၀ခုရှိ မြို့ကြီး ၁၁ မြို့တွင့်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၃ခု နှစ်ကစတင်ခဲ့ပြီး ရန်ကုန်တိုင်းမှာ ကော့မှူးမြို့နယ်နဲ့ အင်းစိန်မြို့နယ်၊ မန္တလေးတိုင်းမှာ မန္တလေးမြို့၊ စစ်ကိုင်းတိုင်းမှာ စစ်ကိုင်းတိုင်းမြို့၊ မကွေးတိုင်းမှာ နတ်မောက်မြို့၊ ဧရာဝတီတိုင်း မှာ မြောင်းမြမြို့၊ တနင်္သာရီတိုင်းမှာ ထားဝယ်မြို့၊ ကချင်ပြည်နယ်မှာ မြစ်ကြီးနားမြို့၊ ကယားပြည်နယ်မှာ လွိုင်ကော်မြို့၊ ကရင်ပြည်နယ်မှာ ဘားအံမြို့နဲ့ ရှမ်းပြည်နယ် ကလောမြို့တို့မှာ ရွေလျားစာကြည့်တိုက်တွေ ဖွင့်နိုင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ မြို့တွေမှာတော့ စာသင်ကျောင်းတွေ အစိုးရရုံးတွေ၊ စက်ရုံတွေနဲ့ ရပ်ရွာလူထုအတွင်း အခမဲ့စာအုပ်ငှားတဲ့ဝန်ဆောင်မှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်ခဲ့တာလို့ ဖောင်ဒေးရှင်းသတင်းမှာ ဖော်ပြထားပါတယ်။ ၂၀၁၂ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ခဲ့တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဟာ ကျန်းမာရေးနဲ့ပညာရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး သဘာဝဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကိုလည်း ထောက်ပံ့ကူညီပေးလျှက်ရှိကြောင်း သိရပါတယ်။

Photos - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။