Meizu ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ Meizu 16X ဖုန်းကတော့ တရားဝင်ထွက်ရှိလာပါပြီ။ မနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့တာဖြစ်ပြီး၊ Meizu 16X အပြင် Meizu X8 ဖုန်းကိုပါ တခါတည်း မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။Meizu 16X နဲ့ Meizu X8 ဖုန်းနှစ်မျိုးလုံးမှာ Snapdragon 710 Chipset ကို အသုံးပြုထားပြီး၊ 6GB RAM ပါဝင်တာ၊ ဒေါင်လိုက်ကျောကင်မရာနှစ်လုံး၊ 20-megapixel selfie ကင်မရာနဲ့Android 8.1 Oreo စနစ်အခြေခံ Flyme OS တို့ ပါဝင်တာခြင်းလည်း အကုန်တူညီပါတယ်။

ကွာခြားသွားတာတွေကတော့ Meizu 16X မှာ Display အောက် လက်ဗွေရာဆန်ဆာ (In-Display Fingerprint Scanner) ကို အသုံးပြုထားပြီး၊ 8X မှာတော့ ရိုးရိုးလက်ဗွေရာဆန်ဆာကိုပဲ ဖုန်းကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် Meizu 16X က Notch မပါဝင်တဲ့ Display နဲ့ဖြစ်ပြီး၊ X8 မှာတော့ Display Notch ကို တွေ့မြင်ရမှာပါ။Meizu 16X မှာ 6-inch (1080×2160 pixels) FHD+ AMOLED Display ၊ Snapdragon 710 SoC ၊ 6GB RAM တို့ ပါဝင်ပြီး၊ Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်မှာပါ။

ကျောဘက်ကင်မရာကတော့ f/1.8 အပါချာရှိတဲ့ 12-megapixel wide-angel lens နဲ့ f/2.6 20-megapixel telephoto lens နှစ်ခုကို အသုံးပြုထားပါတယ်။ အဓိက 12-megapixel lens မှာတော့ OIS ၊ PDAF စနစ်တွေ ပါဝင်မှာပါ။ ရှေ့ကင်မရာကတော့ f/2.0 20-megapixel ကင်မရာဖြစ်ပါတယ်။In-Display Fingerprint Scanner ၊ mCharge အားအမြန်သွင်းစနစ်အသုံးပြုနိုင်တဲ့ 3,100mAh ဘက်ထရီတို့ ပါဝင်ပြီး၊ USB-Type C Port နဲ့ ဖြစ်တယ်လို့ သိရပါတယ်။

Source - Gadgets NDTV, GSM Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။