မိန်းကလေးတွေဟာ နှလုံးသာနုတဲ့သူတွေပါ ။ဘယ်အရာမဆို နှလုံးသားနဲ့ ခံစားတတ်ပြီး နှလုံးသားနဲ့ပဲ ဆုံးဖြတ် ကြတာများပါတယ်။မိန်းကလေးတွေအနေနဲ့ နှလုံးရောဂါအပြင် နှလုံးသွေးကြောကျဉ်းရောဂါကို ပိုခံစားကြရ ပါတယ်။ပြီးတော့ မိန်းကလေးတွေအနေနဲ့ သွေးပေါင်တက်တာ၊ အဝလွန်တာ၊ သွေးတွင်း အဆီများတာ၊ စတဲ့ ရောဂါတွေကို ခံစားရတတ်ကြပါတယ်။ 

နောက်ဆက်တွဲအနေနဲ့ ဆီးချို၊ သွေးချို၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှု၊ သွေးဆုံးမီးယပ် စတဲ့ ရောဂါလက္ခဏာ တွေကိုခံစားရပါတယ်။ဒါကြောင့် ကိုယ်အလေးချိန်ကိုထိန်းပေးဖု့ိလိုပါတယ်။ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးပါ။အဆီ လျော့စားပါ။အသားတွေထက် အသီးနှံတွေကို စားပေးပါ။များသေားအားဖြင့်ပြည့်ဝဆီ ပါဝင်တဲ့ အစားစာတွေ အငန်ဓာတ်များတဲ့အစားစာတွေ၊ အသင့်စားသုံးနိုင်တဲ့အစားစာတွေကို ရှောင်ကြည်သင့်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ အရာရာကို ခံစားလွယ်တာကြောင့်တစ်ကြောင်း အထိခိုက်မခံနိုင်တာကြောင့် တစ်ကောင်း ခံစားလွယ်ပြီး နှလုံးကိုထိခိုက်နိုင်ပါတယ်။ ဒါကြောင့် စိတ်ပျော်ရွင်အောင်နေပါ။ တစ်ယောက်တည်း အထီးကျန်စွာ မနေပါနဲ့။ တရားများများထိုင်ပေးပါ။အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source: Jolly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။