ယနေ့ခေတ်ကြီးမှာ ကလေးအမေ မိခင် တစ်ယောက်က အိမ်ထဲမှာဘဲနေရမယ်ဆိုတယ် အယူဆတွေမရှိတော့ပါဘူးနော် ။ ယောက်ျားတွေနဲ့ရင်ပေါင်တန်းပြီး အောင်မြင်တဲ့ Celebrity တွေ ဖြစ်ပြီး အိမ်ထောင်ရှင်မကောင်းတွေ အဖြစ် လူသိများကျော်ကြားနေတဲ့ အနုပညာရှင် တွေအများပြားပါဘဲ ။ အဲဒီထဲမှာမှ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ ကလေးအမေ ဆယ်လီအနုပညာရှင် ၁၁ ယောက်ရှိပါတယ် ။

သူမတို့တွေကတော့ တစ်ချိန်က မျက်ဝန်းပြာပြာလေးတွေနဲ့ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ ဇင်ဇင်ဇော်မြင့် ၊ မော်လ်ဒယ်လောက ရဲ့မိခင်ကြီး သန္တာလှိုင် ၊ အသံချိုချိုအေးအေးလေးနဲ့ ပရိတ်သတ်ချစ်ရတဲ့ ချမ်းချမ်း ၊ လှပတဲ့မျက်ဝန်းလေးတွေ နဲ့ မယ်လိုဒီ ၊ သွက်လက်ပြီး ချစ်စဖွယ်ကောင်းတဲ့ ခိုင်သင်းကြည် ၊ တည်ငြိမ်ရင့်ကျက်တဲ့ အလှတရားတွေနဲ့ သက်မွန်မြင့် ၊ သာယာပျော်ရွှင်တဲ့မိသားစုလေးကို တည်ဆောက်နိုင်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်း ၊ ခင်ပွန်းဖြစ် သူနဲ့အချစ်တွေ စုပြုံရထားတဲ့ မိုးယုစံ ၊ ဝါရင့်အနုပညာရှင် မင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ် ၊ နုပျိုလှပနေဆဲဖြစ်တဲ့ အိန္ဒြာကျော်ဇင် တို့ဘဲဖြစ်ပါတယ် ။

အနုပညာအလုပ်တွေမှာလည်း လူသိများ အောင်မြင်ကျော်ကြားသလို အိမ်ထောင်ရှင်မ ကောင်း တစ်ယောက်ဖြစ်တဲ့ သူမတို့ဟာ တကယ်ကို တော်တဲ့ မိန်းမသားတွေလို တင်စား ရမှာပါဘဲ ။ အနုပညာအလုပ်တွေ မအားလပ်တဲ့ကြားက ကိုယ့် ရင်သွေးနဲ့ ကိုယ့်အိမ်ထောင် ကိုပါ သာယာအောင်တည်ဆောက်ထားနိုင်ကြတဲ့ အနုပညာရှင်တွေဘဲ ဖြစ်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။