ဝါရင့်စာရေးဆရာကြီးဖြစ်တဲ့ ဆရာချစ်ဦးညိုရဲ့ “လင်္ကာဒီပချစ်သူ” ဇာတ်လမ်းကို စင်တင်ပြဇာတ်အဖြစ် တင်ဆက် ပြသတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။နာမည်ကျော်တဲ့ “လင်္ကာဒီပချစ်သူ” ဇာတ်လမ်း ပြဇာတ်မှာတော့ နာမည်ကြီး အနုပညာရှင်များ ပါဝင်ထားပြီး ဝါရင့်အနုပညာရှင်များလည်း ပါဝင်မှာ ဖြစ်ပါတယ်..“လင်္ကာဒီပချစ်သူ” မိတ်ဆက်ပွဲကိုတော့ ယနေ့မှာ HOTEL Marvel Mandalay.မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်..။

အဲ့ဒီ ပြဇာတ်မှာတော့ လူမင်း ၊ မိုးဝင်း၊ ဟန်ဇာ၊ တိုင်ရွန် ၊ ခါရာ ၊ ဝတ်မှုန်ရွှေရည် တို့ ပါဝင်တင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။လင်္ကဒီပချစ်သူ” ဇာတ်လမ်းကတော့ “ရာမ” ဇာတ်ကို အခြေခံပြီး “ရာဝဏ” (ဒဿဂီရိ) အကြောင်းကို အသားပေး ဇာတ်အိမ်ဖွဲ့ရေးသားထားတဲ့ ဆရာ ချစ်ဦးညိုရဲ့ ဝတ္တုကောင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်..။ တိုင်ရွန် နဲ့ ခါရာတို့ ကတော့ ရာမ နဲ့ လက္ခဏ အဖြစ် ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။ စာနယ်ဇင်းပွဲ မှာ အနုပညာမောင်နှမတွေဖြစ်တဲ့ ရွှေသမီးနဲ့ မေမြင့်မိုရ်တို့လည်း ပါဝင်အားဖြည့်ခဲ့ကြပါတယ်။

တိုင်ရွန်တစ်ယောက် မန္တလေးစာနယ်ဇင်းမိတ်ဆက်ပွဲ အမှတ်တရပုံလေးတွေကို အမှတ်တရတင်ထားတာ ကိုလည်းတွေ့ရပါတယ်။ တိုင်ရွန် နဲ့ ခါရာတို့ဟာလက်ရှိပြသနေတဲ့ မနေ့ကဖြစ်သည် (၂) မှာ ရဲနောင်နဲ့ခန့်ထည် အဖြစ်သရုပ်ဆောင်ထားကြသလို အခုတစ်ခေါက်မှာ ရာမ နဲ့ လက္ခဏာအဖြစ်ထပ်မံဆုံတွေ့ဖြစ်တာလည်း ထူးခြားမှုတစ်ခုပါ. ပရိသတ်ကြီးအတွက် မချောတွေ ဝန်းရံပြီး စိတ်ကြီးဝင်နေတဲ့ တိုင်ရွန်ရဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။

Source - Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။