၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတုန်းက မက္ကဆီနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အသက်ပေးခဲ့ရတဲ့ ရာနဲ့ချီတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းခြင်းနှစ်ပတ်လည့်ပွဲတော်ကို ပြုလုပ်ကျင်းပခဲ့တယ်လို့သိရပါတယ်။အဆိုပါ အားပြင်းငလျင်ကြောင့် လူပေါင်း ၃၇၀ ကျော်သေဆုံးခဲ့ရတာဖြစ်ပြီး ယခုကျင်းပတဲ့ တနှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ၁ မိနစ်ကြာ ငြိမ်သက်ဆုတောင်းခဲ့ကြသလို ငလျင်အရေးပေါ် လေ့ကျင့်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဆုတောင်းပွဲမှာ မက္ကဆီကို နိုင်ငံသားတွေဟာ လက်သီးဆုပ်လက်မြှောက်ပြီး ၁ မိနစ်ကြာ ငြိမ်သက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဆိုပါ ၁ မိနစ်ကြာငြိမ်သက်ဆုတောင်းခြင်းကိုတော့ ပြီးခဲ့တဲ့၂၀၁၇နှစ် စက်တင်ဘာ ၁၉ ရက်နေ့တုန်းက ငလျင်လှုပ်ခတ်ခဲ့တဲ့ နေ့လယ် ၁ နာရီ ၁၄ မိနစ်ခပ်စွန်းစွန်းမှာပဲ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဆုတောင်းမှုအပြီးမှာတော့ တာဝန်ရှိသူတွေဟာ မက္ကဆီကို စီးတီးမြို့မှာ ငလျင်အချက်ပြအသံတွေ လွင့်ထုတ်ခဲ့ပြီး ငလျင်လှုပ်တဲ့အခါ အဆောက်အအုံတွေထဲက အရေးပေါ်တိမ်းရှောင်မှုတွေအတွက် ဇာတ်တိုက်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ 

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တုန်းက ပြင်းအား ၇ ဒသမ ၁ ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ငလျင်ဒဏ်ကြောင့် လူပေါင်းရာနဲ့ချီသေဆုံးခဲ့ရပြီး ၁၂ ရက်အကြာမှာ နိုင်ငံ့အနောက်တောင် ကမ်းလွန်မှာ ပိုအင်အားပြင်းတဲ့ ငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် နောက်ထပ်သူဆုံးသူ ၁၀၀ နီးပါး အထိ ရှိခဲ့တယ်လို့ မှတ်တမ်းများအရသိရပါတယ်။   

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။