အဆိုတော်ယုန်လေးတစ်ယောက် လက်ရှိမှာတော့ ဖိုက်တင်ဇာတ်လမ်းတွေကို ရိုက်ကူးထားပြီး ပရိသတ်အားပေးမှုကိုလည်း ရရှိထားတာဖြစ်ပါ တယ်။ သူရိုက်ကူးခဲ့တဲ့ Special 9 ဇာတ် ကားဟာလည်း ဇာတ်ကြမ်းကြိုက်တဲ့ ပရိသတ်ကြီးအတွက် လည်း အတော်လေးကို ရင်ခုန်ချင်စရာကောင်းတဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ကားပါပဲ။

လက်ရှိပြည်သူတွေကြားမှာဖြစ်နေတဲ့ပြဿနာတစ်ရပ်ကတော့ ဆီဈေးနဲ့ဒေါ်လာဈေးတွေမြင့်တက်နေတာပဲဖြစ်ပါတယ်။ ရွှေဈေးတွေဟာလည်း မြင့်တက်နေပြီး အစစအရာရာအားလုံးဈေးတွေမြင့်တက်နေတာမို့ အခြေခံပြည်သူတွေအနေနဲ့ အတော်လေးအဆင်မပြေဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေဖြစ်နေတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက် အပြစ်ပြောမနေနဲ့ ကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ဝိုင်းဝန်းပြီး စဉ်းစားပေးသင့်တယ်လု့ိ ယုန်လေးကဆိုပါတယ်။

ဒီအကြောင်းကို " ၆သောင်းဖိုးထည့်တာတောင် အပြည့်မရတော့ဘူး စိတ်အပန်းဖြေ BKK သွားဖို့ $ဈေးက ၁၆၀၀ကျော် အရာရာ အမြန်ဆုံး အဆင်ပြေကျပါစေ ပြောင်းလဲချိန်တန်တာ မဟုတ်ပါဘူး စည်းလုံးချိန်တန်တာပါ . တစ်ယောက်မှားလိုက် အမှန်ပြင်ပေးဖို့ဖေးဖေးမမ မရှိဝိုင်းထိုးနှပ်ပြော မှားတဲ့လူကလည်း အမှားကိုဝန်မခံ ကျွန်တော်တို့ကတော့ အများကြီးမထိခိုက်သေးပါဘူး။ တော်တော်ကျပ်တည်းလာတဲ့လူတွေ မြင်နေရပြီ ကျပ်တည်းတော့ နီးဆပ်ရာ ပိုက်ဆံချည်း အဆင်မပြေပြန်မဆပ်နိုင်တော့ လူကောင်းက လူလိမ်ဖြစ်. ဝမ်းရေးခက်တော့ အကျင့်ပါပျက် သူများမသိအောင်ယူ ရောင်းစားပြီး စာသောက် သူခိုးဖြစ် အမြန်ဆုံး အဖြေရှာနိုင်ကျပါစေ အားလုံးပြေလည်ကျပါစေ Special 9 ထဲက ကျွန်တော်ပြောခဲ့တဲ့ စကားလေးသွားသတိရတယ် ဒီအချိန်မှာ တစ်ယောက်နဲ့ တစ်ယောက်စောက်ပြစ်ပြောရမှာမဟုတ်ဘူးအကောင်းဆုံး ဘယ်လိုလုပ်ရမလဲ အားလုံးအဖြေရှာရမှာ အားလုံး Peace " ဆိုပြီး ယုန်လေးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo - Yone Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။