ပရိသတ်ကြီးရေ အဆိုတော် ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season 3 ရဲ့ Winner ဆုကို ပရိသတ်အချစ်တွေနဲ့ သိမ်းပိုက်ရရှိထားသူပဲ ဖြစ်ပါတယ်။ အများကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ အသံပါဝါနဲ့ သီချင်းဆိုကောင်းတဲ့ ဖြိုးမြတ်အောင်က ပရိသတ်တွေအပေါ်မှာလည်း မေတ္တာအပြည့်နဲ့ ဆက်ဆံတတ်သူ ဖြစ်ပါတယ်။ စိတ်ထားကလည်း မွန်မြတ်ပြီး ရိုးသားဖြူစင်တဲ့ ဖြိုးမြတ်အောင်ကို တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးကြတာ တွေ့ရပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Ocean Super center Relaunch ပွဲလေးကို ဖြိုးမြတ်အောင်နဲ့ အနုပညာရှင်တွေအတူ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာ ဖြိုးမြတ်အောင်က ပရိသတ်တွေကို သီချင်းတွေနဲ့ တစ်ဝကြီး သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ မာနမကြီးပဲ ဖော်ရွေတဲ့ ဖြိုးမြတ်အောင်ကို ပရိသတ်တွေက နှင်းဆီပန်းတွေ ပိုစတာတွေနဲ့ ကြိုဆိုအားပေးခဲ့ကြပါတယ်။ Market ကြီးတစ်ခုလုံး အပြည့်အလျှံအားပေးခဲ့ကြတဲ့ ဖြိုးမြတ်အောင်ရဲ့ပရိသတ်တွေကတော့ တစ်ကယ့်ကိုများပြားကြတာ တွေ့ရပါတယ်။

ဒီပွဲလေးမှာ ဖြိုးမြတ်အောင်ရဲ့ ဖျော်ဖြေမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုငွေ၊လက်ဆောင်ပစ္စည်းတွေနဲ့ပန်တွေကို ကိုယ်တိုင်ချီးမြှင့်ခဲ့ကြတာကလည်း အားရစရာပါပဲ။ ဒါ့အပြင် သူငယ်ချင်းဖြစ်တဲ့ နေခန့်မင်းသစ်ကလည်း ဂီတာတီးပြီး ပါဝင်အားဖြည့်ခဲ့သလို ငွေဇင်လှိုင်းကလည်း သီချင်းတွေအတူ သီဆိုပေးခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြိုးမြတ်အောင်ရဲ့ ဖျော်ဖြေပွဲအမှတ်တရပုံရိပ်တွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phyo Myat Aung & We love Phyo Myat Aung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။