ချစ်ပရိသတ်ကြီးရဲ့ အချစ်တော် အဆိုတော်ဖြိုးမြတ်အောင်ကတော့ "Myanmar Idol Season 3" ရဲ့ Winner ဆုရှင်ဖြစ်ပြီး သူ့ရဲ့ပင်ကိုယ်အသံကြောင့် ပရိသတ်တွေရဲ့ အကြီးအကျယ် အားပေးမှုကို ရယူပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ဖြိုးမြတ်အောင်နဲ့ သူရဲ့ပရိသတ်တွေ အပြန်အလှန်ထားရှိကြတဲ့ မေတ္တာတရားကတော့ ကြက်သီးထစရာကောင်းအောင်ပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တော်တော်များများရဲ့ အချစ်ကိုပိုင်ဆိုင်ထားတဲ့ ဖြိုးမြတ်အောင်က ဆုရရှိပြီးနောက်ပိုင်းမှာတင် ကြော်ငြာတွေ ဓာတ်ပုံတွေ စတင်ရိုက်ကူးခဲ့ရပါတာလည်းဖြစ်ပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာ အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်တာကိုတော့ ပရိသတ်ကြီး အားလုံးသိရှိပြီးသား ဖြစ်မှာပါ။သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း နေ့စဉ်ဖော်ပြပေးနေတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း စက်တင်ဘာ(၂၀)ရက်နေ့မှာကျင်းပခဲ့တဲ့Ocean Supercenter Relaunch ပွဲကို တက်ရောက်ဖျော်ဖြေခဲ့တာဖြစ်ပြီး သူရဲ့ချစ်လှစွာတဲ့ welove တွေ တစ်ခဲနက်အားပေးကြတာတွေ့ရပါတယ်။ပရိသတ်တွေနဲ့ အပေးယူမျှမျှ စင်မြင့်ထက်မှာ ဖျော်ဖြေနေစဉ် အငိုက်မိသွားတဲ့ မောင်လေးဖြိုးကို မမတွေ ဝိုင်းနမ်းလိုက်လို့ ရှက်သွားတဲ့ ဗီဒီယိုလေးဟာ သူရဲ့ပရိသတ်တွေကြားမှ ာရေပန်းစားနေတာဖြစ်ပါတယ်။

ဖျော်ဖြေပွဲလေးမှာ သူရဲ့ ပရိသတ်တွေနဲ့ အပေးယူမျှမျှ သီဆိုဖျော်ဖြေနေတာ အားရစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဖြိုးမြတ်အောင်ကို ဆုလက်ဆောင်တွေပေးကာ တရင်းတနှီး ပျော်ရွှင်နေကြတာကိုကြည့်ပြီး အပျော်တွေ ကူးစက်ပြီးကြည်နှုးမိတာအမှန်ပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ဖြိုးမြတ်အောင်ရဲ့ ဖျော်ဖြေမှု ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:We Love Phyo Myat Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။