ပရိသတ်ကြီးရေ မင်းသမီးလေး ရွှေမှုန်ရတီနဲ့ အဆိုတော် ရွှေထူးတို့ ချစ်သူနှစ်ဦးကတော့ သူတို့ရဲ့အချစ်တွေကို ဝေဖန်မှုတွေကြားက ခိုင်မြဲအောင် တည်ဆောက်နေကြတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း တစ်လကျော်ရှိပြီဖြစ်တဲ့ သူတို့စုံတွဲလေးက တစ်နေ့တစ်ခြားပိုလို့တောင် အချစ်တွေတိုးလာတာ တွေ့ရပါတယ်။ တစ်ဦးကိုတစ်ဦး လက်ဆောင်လေးတွေ အပြန်အလှန်ပေးရင်း အချစ်တွေ ဖလှယ်နေတဲ့ ရွှေရွှေတို့က အခုလည်း ဆင်တူနာရီလေးတစ်စုံကို အတူဝယ်ခဲ့ကြပါတယ်။

ရွှေထူးရဲ့ အသက် ၂၆နှစ်ပြည့် မွေးနေ့လေးဖြစ်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ရက်နေ့မှာ ရွှေမှုန်ရတီက မြန်မာငွေသိန်း နှစ်ရာဝန်းကျင်ရှိတဲ့ နောက်ဆုံးပေါ် Branded အသုံးအဆောင်တွေကို မွေးနေ့လက်ဆောင်အဖြစ် Suprise လုပ်ပေးခဲ့ပါတယ်။ Louis Vuitton Brand မှ နောက်ဆုံးပေါ်လက်ဆွဲအိတ်၊ နာရီနဲ့ အမိုက်စား DG Shoe တို့ကို လက်ဆောင်အဖြစ်ပေးခဲ့တာဖြစ်ပြီး အိတ်ကတော့ ($1940- မြန်မာငွေ သိန်း ၃၀ ကျော်) ၊ Lv တံဆိပ် နာရီကတော့ ($-5950 မြန်မာငွေ သိန်း ၉၀ ကျော်) နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ DG တံဆိပ် ဖိနပ်ကတော့ ($795- မြန်မာငွေ သိန်း ၁၂သိန်းကျော်) တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။

ရွှေထူးကို မွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တဲ့ Tambour Automatic Chronograph Brown နာရီလေးက ရွှေမှုန်မှာလည်း ဆင်တူတစ်လုံးရှိတာ တွေ့ရပါတယ်။ တစ်လုံးကို သိန်း ၉၀ကျော်ဝန်းကျင်ရှိတဲ့ LV နာရီလေးကို ရွှေမှုန်က သူမချစ်သူအတွက် လက်ဆောင်ပေးရင်း စုံတွဲဝတ်ဆင်ဖို့ အစကတည်းက ကြိုတင်စီစဉ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေရွှေတို့စုံတွဲရဲ့ သိန်းတစ်ရာကျော်တန်တဲ့ အမိုက်စားစုံတွဲနာရီလေးကို ကြည့်ရှုဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Shwe Hmone Yati ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။