Father Land ကုမ္ပဏီပိုင်ရှင်ကို လိမ်လည်မှုနဲ့ ထောင်ဒဏ် ၅နှစ် ချမှတ်

လိမ်လည်မှုနဲ့ Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို လသာမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပါတယ်။

ကျောက်တံတားမြို့နယ်မှာကျူးလွန်ခဲ့တဲ့ လိမ်လည်မှုနဲ့ ဒီနေ့ လသာမြို့နယ်တရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။ မြို့နယ်တရားရုံးရဲ့ အမိန့်ချမှတ်မှုဟာ တိုင်းတရားရုံးက ဖိအားပေးမှုတွေ ရှိနေတယ်လို့ ထောင်ဒဏ်ချမှတ်ခံရသူ ဦးကျော်မြင့် က ပြောပါတယ်။

ပန်းဆိုးတန်း အလယ်ဘလောက်မှာ ဆောက်လုပ်တဲ့ အဆောက်အဦးတစ်ခုနဲ့ပတ်သက်ပြီး မြေပိုင်ရှင် ရဲ့လက်မှတ်ကို လိမ်လည်အတုပြုလုပ်တာ၊ မြေပိုင်ရှင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ ခံစားခွင့်တွေနဲ့ သဘောတူညီချက်တွေကို ဆောင်ရွက်မှုမရှိတာတွေကြောင့် ဦးကျော်မြင့်ကို မြေပိုင်ရှင်က လိမ်လည်မှုနဲ့ ၂၀၁၄ ခုနှစ်က စတင်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Credit-RFA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။