ရေပန်းစားဝါရင့်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့်ကိုတော့ အားလုံးချစ်မယ်ထင်ပါတယ်။ မြန်မာ့အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို သာယာပျော်ရွှင်စရာမိသားစုဘဝလေးတစ်ခုရဲ့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ချစ်သက်ကတော့ အနုပညာအလုပ်တွေနဲ့အတူ ပြည်တွင်းပြည်ပခရီးတွေထွက်လေ့ရှိပြီး ပရိသတ်တွေကိုလည်း သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို မကြာခနပြသတက်သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။  

လက်တလော သက်မွန်မြင့်ကတော့ ကျန်းမာရေးအခြေနေအချို့ကြောင့် ပရိသတ်တွေနဲ့အဆက်အသွယ်ပျက်နေခဲ့ပြီး သူမရဲ့ ပုံရိပ်လေးတွေကို မတင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့မှာတော့ ချစ်သက်ကတော့ သူမချစ်ပရိသတ်တွေအတွက် ပုံရိပ်လေးတွေနဲ့အတူ ပြန်လည်ပြသခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပုံရိပ်လေးတွေနှင့်အတူ ချစ်သက်ကတော့

" မနေ့က Anello bag ရဲ့ Ambassador ခန့်အပ်ပွဲလည်း ရောက်ခဲ့တယ်

အိတ်ကိုလည်း အရမ်းကြိုက်

Project K လည်းအားပေးပေါ့

ဒီကြားထဲ ခေါင်းတွေအုံပြီး မူးနေလို့ ပျောက်နေတာပါဆောရီး" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ 

အနေဝေးသွားလို့ အချစ်လျော့သွားမှာကြောက်တဲ့ ချစ်သက်ကတော့ ချစ်ပရိသတ်တွေကို မနေ့က ပုံရိပ်လေးတွေနဲ့အတူ ပြသထားတာတွေ့ရပါတယ်။ နေမကောင်းတဲ့ကြားထဲက ပရိသတ်အချစ်တော်သက်မွန်မြင့်ကတော့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့အတူ မိတ်ဆက်ပြသခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိရာသီဥတုနဲ့ပတ်သက်ပြီး နေမကောင်းဖြစ်နေတဲ့ ချစ်သက်အတွက် ချစ်ပရိသတ်ကြီးကလည်း တစ်ခုခုပြောပေးခဲ့ကြပါအုန်းနော်။

Photos - Thet Mon Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။