ချစ်သူသက်တမ်း(၄)လတာ ရှိပြီဖြစ်တဲ့ Ariana Grande နဲ့ Pete Davidson " တို့ကတော့ TV talk Show အစီအစဉ်မှာ တွေ့ဆုံခဲ့ပြီး ခင်မင်ရင်းနှီးသွားရာကနေ အချိန်တိုလေး အတွင်း ချစ်သူတွေ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ ချစ်သူဖြစ်ပြီး တလကျော်လေးအတွင်း တစ်ယောက်ကိုတစ်ယောက် မခွဲနိုင် မခွာရက်ဖြစ်ကာPete Davidson က Ariana ကို အမေရိကန်ဒေါ်လာ( $93,000 ) တန်ဖိုးရှိတဲ့ စိန်လက်စွပ် တစ်ကွင်းနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။

စေ့စပ်ခဲ့ပြီး အချိန်မှာလည်း တစ်ယောက် အလုပ်ကို တစ်ယောက် အကောင်းဆုံး ကြိုးစားကြသလို အချိန်တိုင်း နီးပါး အတူတူ ရှိနေတတ်တာကို တွေကမြင်ရမှာပါ။ အရမ်းချစ်တတ်တဲ့ Pete Davidson လို ယောကျာ်းမျိုးကို ချစ်သူအနေနဲ့ ပိုင်ဆိုင်ထားတဲ့ ကတော့ တကယ်ကြို ကံအကောင်းဆုံး မိန်းကလေး လို့ ဆိုနိုင်သလို အတူတူ အပြင်ထွက်တိုင်း လက်ကို တွဲထားကြတတ်တဲ့ သူတို့ နှစ်ဦးရဲ့ ပုံရိပ်လေးတွေကလည်း တကယ့်ကို ချစ်စရာကောင်းနေပါတယ်။

လက်ရှိမှတော့ နှစ်ဦးစလုံး နယူးယောက်ခ် မြို့ကြီးမှာ အခြေချနေထိုင်ကြပြီး စက်တင်ဘာလ(20) ရက်နေ့ ညမှာတော့ ချစ်သူ နဲ့ အတူ နယူယောက်ခ်မြို့ကြီးရဲ့ ညခင်းအလှအပကို ခံစားဖို့ နှစ်ဦးသား Night out ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ Ariana Grande ကတော့ Burberry sports bra နဲ့ အနက်ရောင် bomber jacket ကို ဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်တွေအားလုံးကို စည်းနှောင် ထားတာကို မြင်ရမှာပါ။ အရမ်းကို ဟော့နေတဲ့ ချစ်သူကို လက်တွဲပြီး ကင်မရာသမားတွေ ရှေ့ကနေ မားမားမတ်မတ် ရှေ့ကနေ လက်တွဲခေါ်သွားသူကတော့ Pete Davidson ဖြစ်ပြီး သူတို့ နှစ်ဦးရဲ့ အရမ်းကို လိုက်ဖက်တဲ့ ချစ်ပုံရိပ်လေးတွေကို အားကျစရာ မြင်တွေ့ ရမှာဖြစ်ပါတယ်။

source : http://www.justjaredjr.com 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။