လူမှုကွန်ယက်ပေါ်မှာ အတည်ပေါက် နဲ့ ထိချက်ပြင်းတဲ့ ဟာသတွေကို ဖန်တီးနေတဲ့ ဟာသပညာရှင် တစ်ယောက်ရှိပါတယ် ။ သူကတော့ ပရိသတ်ကြီးရဲ့ အချစ်တော် အရာတော်သားလေး ဖိုးထောင်ပါ။ အရာတော်သားလေးဖိုးထောင် တစ်ယောက် သူရှာဖွေထားတဲ့အနုပညာကြေးတွေကို အကျိုးရှိတဲ့နေရာတစ်ခုမှာအသုံးချခဲ့တာကိုပရိသတ်တွေသိရှိကြပုံတော် မပေါ်ပါဘူး ။

လူမှုကွန်ယက်မင်းသား အရာတော်ဖိုးထောင်ရဲ့ဇာတိရွာ (ကံသာလေးရွာ )မှာရွာသူရွာသားတွေ တက်တက်ကြွကြွ ပျော်ပျော်ပါးပါး ဘုရားတည်ရန်အတွက် တာဝါတိုင်လောက်အတောင် ငါးဆယ်လောက်မြင့်မားတဲ့ ကွန်ကရစ်မျှော်စင်ကြီး ကျောက်သွေးလောင်းနေကြတာပါ ။ ဒီဘုရားအတွက် စုစုပေါင်း ကုန်ကျငွေ သိန်း ၄၃၀ ခန့်ရှိနေပြီလို့သိရပါတယ် ။ ဒိလိုကုန်ကျငွေတွေကို မတည်ပေးခဲ့တဲ့သူတွေထဲမှာ အရာတော်သားလေးဖိုးထောင် လည်းပါဝင်ခဲ့ပါတယ် ။ အရာတော်သားလေးဖိုးထောင် တစ်ယောက် အခုလို နာမည်ကြီးသွားတဲ့အခါမှာ ဘဝမမေ့ပဲ ရပ်ရွာ ဇာတိမြေအကျိုး ကိုဆောင်ရွက်ပေးနေတဲ့လုပ်ရပ် ဟာ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်စရာလုပ်ရပ်တစ်ခုပါ ။

အရာတော်သားလေးဖိုးထောင်တစ်ယောက် ၎င်းရဲ့ ရွာမှာတည်ထားတဲ့ အဘယ မိုးကောင်းစေတီစေတီတော်အတွက် လှူဒါန်းလိုသူတွေကိုလည်း ထပ်မံဖိတ်ခေါ်ထားပါသေးတယ် ။ စေတနာကောင်းရင်ကံကောင်းတယ် လို့ ဆိုရမလိုပါဘဲ ။ အရာတော်သားလေးဖိုးထောင်တစ်ယောက် ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့လည်း ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးရေ ဘဝမမေ့ပဲ ရပ်ရွာအကျိုးအတွက်ဆောင်ရွက်နေတဲ့အရာတော်သားလေးဖိုးထောင်ရဲ့ ကုသိုလ်အတွက် မှတ်ချက်မှာ သာဓုခေါ်ဖို့ မမေ့နဲနော်။

Source - NMT ဟာသများ Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။