မြန်မာနိုင်ငံ ရဲ့ အလှအပရေးရာအကြံပေး Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ အလှအပနဲ့ပတ်သက်တဲ့ Sharing Knowledge လေးတွေကို အမြဲ မျှဝေတတ်သူလေးဖြစ်ပါတယ်။ သူမ Beautybynaychi page လေးမှာ followers (၆) သိန်းကျော် ရရှိထားသလိုလူမှု ဆက်ဆံရေးကောင်းပြီး အရမ်းကို စကားပြောပွင့်လင်းတဲ့ နေခြည်ဦးကတော့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲက တစ်ဦးလို့ ဆိုရမှာပါ။

သူမရဲ့ အချစ်ရေး၊ လူမှူရေးနဲ့ ပတ်သက်လို့ လည်း ပရိသတ်တွေကို အမြဲတမ်းပွင့်ပွင့်လင်းလင်းချပြတတ်သူဖြစ်သလို ဝေဖန်တိုက်ခိုက်သူ၊ အဆိုး၊ အကောင်း မှန်သမျှကို အကောင်းဆုံး ဖြေရှင်းတတ်သူလို့ ဆိုရမှာပါ။ Beauty Blogger တစ်ယောက်ကနေ လက်၇ှိမှာ အနုပညာလောကရဲ့ သရုပ်ဆောင်ပိုင်း၊ ရုပ်ရှင်လောကပိုင်းကို ခြေလှမ်းစတင်လာပြီ ဖြစ်သလို အသစ်တစ်ယောက်ဖြစ်ပေမဲ့လည်း အချိန်တိုလေးအတွင်းသရုပ်ဆောင်လောကမှာပါ နေရာရလာသူလို့ ဆိုရမှာပါ။

သူမရဲ့ ပရိသတ်တွေကို ဒီထက်ပို အလှအပရေးရာ၊ အကြံပေးနိုင်အောင် ၊ မိတ်ကပ်look လေးတွေကို အမြဲ update ဖြစ်အောင် မျှဝေပေးနေတဲ့ သူမကတော့ သူမရဲ့ ကိုယ်ပိုင်Studio ဖြစ်သလို၊ walk-in closet လေးဖြစ်တဲ့ သူမရဲ့ ကိုယ်ပိုင် အခန်းကြီးကို အလင်းပြလိုက်ပါတယ်။ မိန်းကလေးတိုင်းရဲ့ကိုယ်ပိုင် စိတ်ကူးအိမ်မက်ဖြစ်တဲ့ တနေ့ မှာ ဖိနပ်လှလှလေးတွေ၊ မိတ်ကပ်အလှပြင်ပစ္စည်းလေးတွေ၊ အင်္ကျီလှလှလေးတွေကို စုစည်းပြီး အိပ်ယာလှလှလေးနဲ့ ကိုယ်ပိုင် အခန်းကြီး တစ်ခန်းကို စိတ်ကူးယှဉ်မိကြမှာပါ။

တစ်နှစ်လောက်နီးပါး အစီအစဉ်ဆွဲပြီး လေးလလောက် အချိန်ပေးခဲ့ရတဲ့ သူမရဲ့တကယ့်ကို စိတ်ကူးထဲက အခန်းပုံစံလေးဖြစ်တဲ့ နေခြည်ဦးရဲ့ ကိုယ်ပိုင် အခန်းလေးကို သူမပရိသတ်တွေ ရှေ့ မျှဝေလိုက်ပြီး ဒီအခန်းလေးထဲကနေ နောက်ဆို fashion နဲ့ပါတ်သက်တဲ့ အဝတ်အစားအပြင်အဆင်တွေပါ vlog တွေ အများကြီး တင်ဆက်တော့မှာဖြစ်ပါတယ်နော်။ အခန်းလေးက အခုဆို ၉၀% လောက်ပြီးဆုံးနေပြီး ဖြစ်ပေမဲ့လည်း အချိန်အရမ်းကြာသွားမှာ စိုးလို့ သူမရဲ့ ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်တာဖြစ်ပြီး မိန်းကလေးတိုင်းရဲ့ စိတ်ကူးဖြစ်တဲ့ ဒီလို အခန်းလေးကို ပိုင်ဆိုင်နိုင်ပါစေနော်..။

source: beautybynaychi;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။