(1) Christopher Columbus

ခရစ်စတိုဖာ ကိုလမ်ဘတ် သည် ရှာဖွေတွေ့ရှိသူများ စာရင်းထဲမှာတော့ ထိပ်ဆုံး ကပါဝင်ခဲ့ပြီး အတ္တလန်တိတ် သမုဒ္ဒရာ ကိုဖြတ်သွား ရင် အာရှ ကိုရောက် ရှိတယ် လို့ ယူဆ နေခဲ့ သူဖြစ်ပါတယ်။ သူ့ရဲ့ မှန်ကန်ချက်ကို သတ်သေပြတဲ့ အနေနဲ့ Santa Maria အမည်ရှိတဲ့ သင်္ဘောနှင့် ခရီးထွက်ခဲ့ ရာ ပထမ ဦးဆုံး ရောက်ခဲ့တဲ့ အမေရိကတိုက်ကို အိန္ဒိ ယ တိုက် အနောက် ဖက်ဟု ထင်မှတ်ခဲ့ပြီး အမေရိက တိုက်မှာ နေထိုင်သည့် လူမျိုး များကို ပါ Red Indian ဆိုပြီး အမည် တပ်ခဲ့ပါသေးတယ်။ ဘာဘဲ ဖြစ်ဖြစ် ဥရောပ တိုက်သားတွေ အတွက်ကတော့ ကိုလန်ဘတ် သည် အမေရိကန် နိုင်ငံ နှင့် ချိတ်ဆက်ခဲ့ သည့် လူစွမ်းကောင်း တစ်ဦးဖြစ်ခဲ့ပါတယ်။ 

(2) William Shakespeare

ရှိတ် စပီးယား ကတော့ ပြဇာတ် စာရေး ဆရာတစ်ယောက်ဖြစ်ပြီး ပြဇာတ် ဇာတ်လမ်း 37 ခု အချစ်ပုံပြင် 154 ခု နှင့် ကမ္ဘာကျော်ခဲ့ကာ

ရိုမီယို ဂျုးလီးယက် ဇာတ်လမ်းကတော့ ယနေ့ အထိ လူကြိုက်များ နေခဲ့ပါတယ်။ ယနေ့အချိန်အထိ ပြဇာတ်လောကမှာ ရှိတ်စပီးယားရြ့ ဂုဏ်သတင်းဟာ ကျော်မော်နေပီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျော်ကြားနေအုန်းမယ့် သူတစ်ယောက်လည်း ဖြစ်ပါတယ်။ 

(3) Charles Darwin

ချားလ်ဒါဝင် သည် ကမ္ဘာကြီး ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ဆိုင်ရာ အတွေး အခေါ်ပညာရှင် တစ်ယောက်ဖြစ်ပြီး

1859 ခုနှစ် မှာ ထုတ်ဝေခဲ့တဲ့ Mean of Natural Selection ဆိုတဲ့ စာအုပ်ကြောင့် ကမ္ဘာကျော်လာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အဲဒီစာအုပ်က Apelike ဆိုတဲ့ သတ္တဝါ ကနေ လူဖြစ်လာတယ် ဆိုတဲ့ အကြောင်းပါ။မျောက်ကနေ လူဖြစ်လာတယ် ဆိုတဲ့ အကြောင်းပေါ့ဗျာ

သူ့ကြောင့် အာဒံ နှင့် အေဝ ဇာတ်လမ်း မှေးမှိန် ခဲ့ရ သလို ဘာသာရေး သမားများ ရဲ့ ရှုံချမှု ကို အပြင်း အထန်ခံခဲ့ ရသည့် သိပ္ပံ ပညာရှင်တစ်ယောက်ပါ။

Source : Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။